Tuesday, March 31, 2026
More
    spot_img
    Homeသတင်းမော့ကနင်ကျေးရွာရှိ အားမာန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ် အပစ်ခံရ

    မော့ကနင်ကျေးရွာရှိ အားမာန်ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်သေနတ် အပစ်ခံရ

    -

    မွန်သတင်းအေဂျင်စီ  (၂၀၂၂၊ မေလ ၉)

    မွန်ပြည်နယ်၊ ရေးမြို့နယ် မော့ကနင်ကျေးရွာ ဗိုလ်ချုပ်လမ်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက်ရှိ အားမာန်ရွှေဆိုင် ယနေ့ (မေလ ၉ ရက်) နေ့လည် ၁၁ နာရီခွဲအချိန်ခန့်က ဓားပြတိုက်ခံရပြီး ဆိုင်ရှင်ဖြစ်သူ သေနတ်ဖြင့် အပစ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

    သေနတ်ဖြင့် အပစ်ခံရသော ရွှေဆိုင်ပိုင်ရှင် ဦးစန်းယု (ခ)  ဦးမောင်ရိုးကို မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    “ဆိုင်က ဘာပစ္စည်းမှတော့ မပါသွားဘူးလို့ ပြောတယ်။ ဆိုင်ရှင်က​တော့ သေနတ်နဲ့ အပစ်ခံလိုက်ရတယ်။ ပေါင်ကို ထိတာ မစိုးရိမ်ရဘူးလို့ ကြားတယ်”ဟု နီးစပ်သူတစ်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    အမျိုးသားနှစ်ဦးသည် နေ့လည်ပိုင်းတွင် ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဓားပြတိုက်ကာ ဆိုင်ရှင်ကို သေနတ်ဖြင့် ပစ်ပြီးနောက် ခမရ ၁၀၆ ကို ဖြတ်ပြီး လမ်းမကြီးအတိုင်း ထွက်ပြေးသွားကြောင်း သိရသည်။

    အဆိုပါ ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာမှ စစ်ဆေးမှုများ သွားရောက်လုပ်ဆောင်ခဲ့ပြီး တရားခံအမျိုးသားနှစ်ဦးမှာ မည်သည့်အဖွဲ့အစည်း၊ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks