Homeသတင်းထိုင်းနိုင်ငံမှ ရော်ဘာဝယ်ယူမှု ရပ်လိုက်သောကြောင့် ရော်ဘာဈေးကျ

ထိုင်းနိုင်ငံမှ ရော်ဘာဝယ်ယူမှု ရပ်လိုက်သောကြောင့် ရော်ဘာဈေးကျ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၇)

မွန်ပြည်နယ်မှ ထွက်ရှိသော ရော်ဘာများကို ထိုင်းနိုင်ငံဘက်မှ ဝယ်ယူမှု ရပ်နားလိုက်သောကြောင့် ရော်ဘာဈေးနှုန်း အကျဘက် ရောက်လာကြောင်း ရော်ဘာလုပ်ငန်းရှင်များထံက သိရသည်။

ထိုင်းနိုင်ငံ၏ ရော်ဘာလိုအပ်ချက်ကြောင့် ရော်ဘာဝယ်ယူနေသော်လည်း လတ်တလောတွင် ရော်ဘာဝယ်ယူမှုကို ရပ်နားလိုက်ကြောင်း ရော်ဘာလုပ်ငန်းရှင် ဦးအောင်ရွှေက ပြောသည်။

“ထိုင်းရဲ့ ရော်ဘာဥပဒေကြောင့်ပေါ့နော်။ သူတို့နိုင်ငံ ပြင်ပကနေပြီးတော့ သူတို့ နိုင်ငံကို သွင်းခွင့်တော့ မရှိဘူး။ ကျွန်တော်တို့ဆီက သွားတဲ့ရော်ဘာကျတော့ သူတို့နိုင်ငံရဲ့ လိုအပ်ချက်အရ နိုင်ငံတကာ ချုပ်ဆိုထားတဲ့စာချုပ် နားလည်မှုအရ ဝယ်ကြတာပဲ။ ကျွန်တော်တို့ဆီက ရော်ဘာဈေးလည်း ချိုတယ်ဆိုတော့ သူတို့က ဝယ်တာပေါ့”ဟု ၎င်းက ပြောသည်။

ထိုင်းဘက်မှ ဝယ်ယူနေသော ရော်ဘာ ဈေးသည့် တစ်ပေါင် ၁၄၅၀ ကျော် ဈေးရှိခဲ့သော်လည်း အဝယ်ရပ်ပြီး နောက်ပိုင်းတွင် တစ်ပေါင် ၁၃၀၀ ကျပ်ဝန်ကျင်းသာ ရှိ‌ကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံမှ အဝယ်ပိတ်ထားသောကြောင့် ရော်ဘာဈေး ဆက်လက်ကျလာမည်ကို စိုးရိမ်မိကြောင်း ရော်ဘာ တောင်သူတစ်ဦးက ပြောသည်။

“ပထမက အရင်ဈေးထက် နှစ်ရာပဲ ကျတယ်။ တစ်ဖြည်းဖြည်းနဲ့ တစ်ထောင်ကျော်ကျလာပြီ။ ဈေးကွက်ထဲမှာ ထက်ကျရင် ဘာမှ မကျန်တော့ဘူး”ဟု ၎င်းက ပြောသည်။

မိုးရာသီကာလအတွင်း ခဏနားမည်ဖြစ်ပြီး အောက်တိုဘာလမှ စတင်ကာ ရော်ဘာအစေး ပြန်ခြစ်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

အစေးခြစ်ရာသီတွင် ရော်ဘာဈေးကောင်းမှသာ တောင်သူများ တွက်ခြေကိုက်မည်ဖြစ်ကြောင်း ရော်ဘာ တောင်သူများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလအတွင်း နိုင်ငံခြားငွေ ကန့်သတ်ချက်ကြောင့် ရော်ဘာဈေး ကျဆင်းခဲ့ရပြီး လတ်တလောတွင် ထိုင်းနိုင်ငံမှ ဝယ်ယူမှုရပ်နားခဲ့သောကြောင့် ရော်ဘာဈေးများ ထပ်မံကျဆင်းလာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts