spot_img
Sunday, March 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးနစကဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားမှု နိုင်ငံတကာအကြံပြုချက်များကို PPST ရယူမည်

    နစကဥက္ကဋ္ဌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားမှု နိုင်ငံတကာအကြံပြုချက်များကို PPST ရယူမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ မေ ၆)

    နစက ကောင်စီဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ အကြံပြုချက်များကို PPST ၏ အထူးအစည်းအဝေးတွင် PPST ဦးဆောင်မှု ကော်မတီ အလုပ်အဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ပြောကြားခဲ့သည်။

    အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST ) က ယနေ့ (မေ ၆ ရက်)တွင် ကျင်းပသည့် အထူးအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်။

    နိုင်အောင်မင်းက “ဒီနေ့ အထူးအစည်းအဝေးကြီးက SAC ဥက္ကဋ္ဌ ဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး မိမိတို့အတွင်း အကျေအလည် ဆွေးနွေးပြီး သဘောထားများကို သတ်မှတ်ထားသော အချိန်အတွင်း စုစည်းသွားဖို့နဲ့ အခြား EAO များနှင့်လည်း ဆက်လက်ညှိနှိုင်းဖို့၊ ၎င်းဖိတ်ကြားမှုအပေါ် ပြည်တွင်းပြည်ပမှ ဆန့်ကျင်သော၊ အမြင်မတူညီသော အင်အားစုများနှင့်လည်း နားလည်မှုရရှိရေး ကြိုးပမ်းသွားဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှလည်း အကြံပြုချက်များ ရယူသွားဖို့၊ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေများအတွက် အချက်အလက်အားဖြင့် ပြည့်စုံမှုရှိစေရေးအတွက် ပြင်ဆင်သွားကြဖို့အတွက် သဘောထားနှင့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ကြဖို့ကို အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

    နစက ကောင်စီ ဥက္ကဋ္ဌ၏ ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး အစုအဖွဲ့များ အကြား မတူကွဲပြားသည့် အမြင်သဘောထားများ ရှိနေသည်ကို အားလုံး ကြားသိပြီး ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် PPST အနေဖြင့် NCA အနှစ်သာရ မူ (၃) ချက်၊ နိုင်ငံရေးရည်မှန်းချက် (၇) ချက်နှင့် နိုင်ငံရေး

    လမ်းပြမြေပုံဆိုင်ရာ အဆိုပြုချက် (၈) ဆင့်တို့အပေါ် အခြေခံပြီး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    လက်ရှိ ရင်ဆိုင်နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရေးမူကို PPST က ခိုင်ခိုင်မာမာ ရပ်တည်ထားကြောင်း၊ မည်သည့် ဆွေးနွေးညှိနှိုင်းမှုများမဆို သက်ဆိုင်သူအားလုံးပါဝင်ရမှာ ဖြစ်ပြီး ပဋိပက္ခများ လျော့ချနိုင်ရေးနှင့် အတိဒုက္ခရောက်နေသည့် ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းရမှာ ဖြစ်ကြောင်း မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    နစက ဥက္ကဋ္ဌက လက်ရှိ ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ် ကြောင်း ပြောကြားခဲ့သည်။

    PPST ကို တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတတူစာချုပ်(NCA)ထိုးထားသည့် လက်နက်ကိုင်များမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်နယ်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြင့် ဖွဲ့စည်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks