Monday, March 9, 2026
More
    spot_img
    Homeသတင်းဆိုင်ကယ် Taxi သမား ကိုကျော်ကျော်ထူး အသတ်ခံရမှု ကျုးလွန်သူ နှစ်ဦးကို ဖမ်းမိ

    ဆိုင်ကယ် Taxi သမား ကိုကျော်ကျော်ထူး အသတ်ခံရမှု ကျုးလွန်သူ နှစ်ဦးကို ဖမ်းမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၈)

    မော်လမြိုင်မြို့၊ မင်းရွာကျေးရွာရှိ ရော်ဘာခြံဝင်းအတွင်း ဆိုင်ကယ်ကယ်ရီ မောင်းနှင်သူ အသတ်ခံခဲ့ရသည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူ နှစ်ဦးကို ဧပြီလ ၂၇ ရက်က ဖမ်းဆီးရမိထားကြောင်း သိရသည်။

    ကိုကျော်ကျော်ထူး ၏ မိသားစုဝင်တစ်ဦးက “လူသတ်ပြီး ဆိုင်ကယ်လုသွားတဲ့သူတွေက ပိုက်ဆံလိုချင်လို့ဘဲ လုပ်သွားတာလို့တော့ ထင်ပါတယ်။ အဲ့ဒီလူတွေကိုလည်း မိထားပြီးပြီလို့ သိရပါတယ်။ တစ်ယောက်က မော်လမြိုင်မြို့က ပရဟိတအသင်းတစ်ခုရဲ့ ကွန်ရက်ကလို့လည်း သိရပါတယ်” ဟု ပြောသည်။

    တရားခံနှစ်ဦးကို ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ဧပြီလ (၂၅) ရက်က အသတ်ခံရသည့် ကိုကျော်ကျော်ထူး၏ ဆိုက်ကယ်အား မော်လမြိုင်မြို့၊ ကျွဲခြံကုန်းရပ်ကွက်၊ ဘုန့်ဘွေးကုန်းလမ်းနေ ဝေယံ (၁၇) နှစ်နှင့် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် (၁) လမ်းနေ ကောင်းမြတ်ရဲရင့် (ခ) သားကြီး ဆိုသူမှာ ငှားရမ်းခဲ့ပြီး မော်လမြိုင် – ကျိုက်မရော ကားလမ်းမမှ လေးဖာလုံခန့်အကွာ မင်းရွာကျေးရွာ ရော်ဘာခြံအတွင်းသို့ ပို့ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

    ရော်ဘာခြံအတွင်း ရောက်ရှိချိန်တွင် ဆိုင်ကယ်အား ရပ်ခိုင်းပြီး ဝေယံနှင့် ကောင်းမြတ်ရဲရင့် (ခ) သားကြီးတို့ နှစ်ဦးက ကိုကျော်ကျော်ထူးအား လုံးထွေးသတ်ပုတ်ပြီး ဝေယံမှ အနီးရှိကျောက်တုံးဖြင့် ကိုကျော်ကျော်ဦး၏ ဦးခေါင်းအား ထုပြီးနောက် ကိုကျော်ကျော်ထူး ၏ Honda Wave Alpha – 110 အမျိုးအစား ဆိုင်ကယ်အား ယူဆောင်ပြီး မောင်းနှင် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

    ဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာကို သက်ဆိုင်ရာက လာရောက်စစ်ဆေးရာတွင် ကိုကျော်ကျော်ထူး လဲကျသေဆုံးနေသည့် နေရာအနီး ချုံပုတ်အတွင်းမှ ဘေးသိုင်းလွယ်အိတ် တစ်လုံးကို တွေ့ခဲ့ကြောင်း သိရသည်။

    အဆိုပါ လွယ်အိတ်ကို စစ်ဆေးရာတွင် ဝေယံ (ဘ) ဦးစိုးမင်း အမည်ပါ ရာမည အရေးပေါ် လူမှုကယ်ဆယ်ရေးအဖွဲ့ ကဒ်တစ်ခု၊ အညိုရောင် ခေါက်ပိုက်ဆံအိတ် တစ်လုံးနှင့် အလောင်း၏ ဦးခေါင်းဘေးအနီးတွင် သွေးစွန်းနေသော ကျောက်တုံး တစ်တုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဝေယံနှင့် ကောင်းမြတ်ရဲရင့် (ခ) သားကြီး တို့ကို မော်လမြိုင်မြို့၊ မြိုင်သာယာနယ်မြေရဲစခန်းမှ လူသတ်မှု၊ လုယက်မှုတို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks