Homeသတင်းမော်လမြိုင်၊ မင်းရွာကျေးရွာတွင် ဆိုင်ကယ် Taxi မောင်းသူ တစ်ဦး အသတ်ခံရ

မော်လမြိုင်၊ မင်းရွာကျေးရွာတွင် ဆိုင်ကယ် Taxi မောင်းသူ တစ်ဦး အသတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၂၅)

မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၊ အားကစားသိပ္ပံရှေ့ရော်ဘာခြံ၌ ယနေ့ (ဧပြီ ၂၅ ရက်) နံနက် ၉ နာရီဝန်းကျင်ခန့်က ဆိုင်ကယ် Taxi မောင်းနှင်သူတစ်ဦး အသတ်ခံရပြီး ပိုက်ဆံအိတ်၊ လက်ကိုင်ဖုန်းနှင့် ဆိုင်ကယ် လုယက်ခံရကြောင်း သိရသည်။

အသတ်ခံရသူသည် ဆိုင်ကယ် Taxi သမားမှာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ တောင်ရှမ်းစုရပ်နေ အသက် ၃၂ နှစ် အရွယ် ကိုကျော်ကျော်ထူး ဆိုသူဖြစ်ကြောင်း သိရသည်။

“မနက်က လူရလို့ သွားပို့ကြတယ်။ ပြီးတော့သူ ထွက်သွားတယ်။ ဘယ်ထွက်သွားလဲတော့ မသိလိုက်ဘူး။ ၉ နာရီလောက်ကမှ သူမိန်းမက ဖုန်းဆက်လာတယ်။ သူယောင်္ကျားဖုန်းကို စကားဝဲဝဲနဲ့ တစ်ယောက်ကိုင်တယ်ပေါ့။ ပြန်ဆက်တော့လည်း စက်ပိတ်ထားတယ်ပေါ့။ နောက်တော့ သူ့သတင်းကြားရတာပဲ”ဟု ကိုကျော်ကျော်ထူး နှင့် ဆိုင်ကယ် Taxi အတူ မောင်းသူ တစ်ဦးက ပြောသည်။ 

ကိုကျော်ကျော်ထူးသည် ထော့မဲပါဆိုင်ကယ် Taxi လိုင်းမှ ‌Taxi မောင်းသူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

အသတ်ခံရသူ၏ မျက်နှာကိုသာ တွေ့လိုက်ရပြီး မျက်နှာတွင် သွေးများရဲနေကြောင်း မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

လုယူခံရသော ဆိုင်ကယ်မှာ Wave – NCX 110 မော်ဒယ်အသစ်ဖြစ်သောကြောင့် နံပါတ်ပြားပင် မထုတ်ရသေးကြောင်း သိရသည်။

အသတ်ခံရသည့် ကိုကျော်ကျော်ထူးတွင် ဇနီးသည်နှင့် ကလေးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

အသတ်ခံရသည့် ဆိုင်ကယ် Taxi မောင်းနှင်သူ ကိုကျော်ကျော်ထူး၏ Dead Body အား ဘိုဘိုဝင်းအရေးပေါ် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo crd BoBoWin Rescue

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts