Homeငြိမ်းချမ်းရေးမွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ကို လာမည့်မေလ ၂ ရက်တွင် ကျင်းပသွားမည်

မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ကို လာမည့်မေလ ၂ ရက်တွင် ကျင်းပသွားမည်

-

မွန်သတင်းအေဂျင်စီ (အေပြီ-၂၅)

မွန်အမျိုးသားရေးရာညီလာခံ-၂၀၂၂ ကို မွန်ပြည်နယ် ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ မွန်အမျိုးသားပညာရေးဌာနအခြေစိုက်ရာ ညီစားစခန်းတွင် မေလ ၂ ရက်နေ့မှစတင်၍ ၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ညီလာခံကျင်းပရေးကော်မတီ ဒုတိယအဖွဲ့ခေါင်းဆောင် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်က “ ရေးမြို့မှာကျင်းပခဲ့တဲ့ မွန်လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ(၂၀၁၈) နဲ့ ရာမညမွန်ပြည် (နယ်) ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) ကို စံနမူနာထားပြီးတော့ အနာဂတ်အတွက်အဖြေရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာပါလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု မွန်သတင်းအေဂျင်စီအင်တာဗျူးအစီအစဥ်တွင် ပြောကြားခဲ့သည်။  

မွန်သံဃာတော်များ၊ လက်နက်ကိုင်ပါတီအဖွဲ့အစည်း၊ တရားဥပဒေဘောင်အတွင်းရှိ နိုင်ငံရေးပါတီနှင့် ကဏ္ဍစုံအရပ်ဖက်လူမှုအဖွဲ့အစည်း အသီးသီးတို့ ပါဝင်ဆောင်ရွက်မှသာမွန်အမျိုးသားတို့၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိနိုင်မည်ဟု မွန်ပြည်သစ်ပါတီက လက်ခံထားကြောင်း ၄င်းက ဆက်ပြောသည်။

“မွန်တမျိုးသားလုံးရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိနိုင်ဖို့အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးကို အရင်ဦးဆုံး လုပ်ဆောင်သင့်တယ်ဆိုပြီး ကျနော်တို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ နှစ်စဥ်အစည်းအဝေးတိုင်းလိုလိုမှာ ရှုမြင်ခဲ့ပါတယ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့ဆိုရင် ကျနော်တို့အချင်းချင်း စုစည်းနိုင်ရမယ်၊ ဆွေးနွေးတိုင်ပင်နိုင်ရမယ်၊ ဒါမှာလည်း ကျနော်တို့လိုလားတဲ့ ရည်းမှန်းချက်ပန်းတိုင်ဆီကို ခရီးအရောက်လှမ်းနိုင်ပါလိမ့်မယ်” ဟု နိုင်ဗညားလယ်က ဆိုသည်။


ညီလာခံကိုယ်စားလှယ်များအဖြစ် မွန်ပြည်သစ်ပါတီ NMSP ၃၀ ဦး၊ မွန်ညီညွတ်ရေးပါတီ ၃၀ ဦး၊ အရပ်ဖက် မွန်အဖွဲ့အစည်းများ ၄၅ ဦး၊ မွန်သံဃာတော် ၃၀ ပါး၊ ဖိတ်ကြားသင့်သည့် အဖွဲ့အစည်းနှင့် ပညာရှင် လူပုဂ္ဂိုလ်တို့အပါအဝင် စုစုပေါင်း ၂၅၀ ဦးတို့အပြင် လေ့လာသူများပါ တက်ရောက်ကြမည်ဖြစ်ကြောင်း ညီလာခံကျင်းပရေးကော်မတီမှ သိရသည်။

မွန်အမျိုးသားရေးရာညီလာခံ ၂၀၁၆ (Mon National Conference)-ကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်းကျေးရွာတွင်လည်းကောင်း၊ မွန်အမျိုးသားကွန်ဖရင့်-၂၀၁၃ ကို မော်လမြိုင်မြို့ မွန်ပြည်နယ်ခန်းမတွင်လည်းကောင်း ကျင်းပခဲ့သည်။  

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts