Homeသတင်းမွန်ပြည်နယ်အတွင်း အကျဉ်းသား ၉၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

မွန်ပြည်နယ်အတွင်း အကျဉ်းသား ၉၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဧပြီ ၁၈)

မွန်ပြည်နယ်အတွင်းမှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၉၆ ဦး လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဧပြီလ ၁၇ရက် (နှစ်ဆန်းတစ်ရက်နေ့) မနက်ပိုင်းတွင်  ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။

မော်လမြိုင်အကျဉ်း‌ထောင်မှ အကျဉ်းသား ၉ ဦး၊ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှ ၂ ဦး၊ သထုံအကျဉ်းထောင်မှ ၁၂ ဦး ကို လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါင်မြို့နယ်အတွင်းရှိ အင်းဗြောင်ကျောက်ထုတ်စခန်းမှ ၆ ဦး၊ ရင်းငြိမ်ကျောက်ထုတ်စခန်းမှ ၈ ဦး၊ ဇင်းကျိုက်ကျောက်ထုတ်စခန်းမှ ၁၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

ကျိုက်ထိုမြို့နယ် မုပ္ပလင် ကျောက်ထုတ်စခန်းမှ ၂၅ ဦး နှင့် အင်္ဂဘို ကျောက်ထုတ်စခန်းမှ ၁၇ ဦးတို့ကိုလည်း လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

လက်ရှိတွင် ပြန်လည်လွတ်မြောက်လာသူများထဲမှာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

နစက ကောင်စီ ဥက္ကဋ္ဌသည် ဧပြီ ၁၇ ရက် (နှစ်ဆန်း တစ်ရက်နေ့) တွင် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၁၅၇၇ ဦးအား လွတ်ငြိမ်းချမ်းသာ ပေးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခု ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံခြားသား အကျဉ်းသူ၊ အကျဉ်သား ၄၂ ဦးကိုလည်း အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။


Photo ဝရဇိန် (ပေါင်)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts