spot_img
Saturday, February 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသင်္ကြန်ကာလအပြီး မွန်ပြည်နယ်တွင် အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်ဆက်လက်ဖြန့်ဖြူးမည်

    သင်္ကြန်ကာလအပြီး မွန်ပြည်နယ်တွင် အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်ဆက်လက်ဖြန့်ဖြူးမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဧပြီ ၁၈)

    မွန်ပြည်နယ်တွင် သင်္ကြန်ကာလအပြီး နှစ်ဆန်းနှစ်ရက်နေ့မှ စတင်ပြီး အလှည့်ကျစနစ်ဖြင့်သာ လျှပ်စစ်မီးပြန်လည်ပေးဆောင်သွားမည်ဖြစ်ကြောင်း မော်လမြိုင်လျှပ်စစ်ဓာတ်အားခွဲရုံမှ သိရသည်။

    မွန်ပြည်နယ်အတွင်း သင်္ကြန်လေးရက်နှင့် နှစ်ဆန်းတစ်ရက်နေ့တွင် လျှပ်စစ်မီး ၂၄ နာရီအပြည့်နီးပါး ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်ပြီး ယခုအခါ အုပ်စုလိုက် အလှည့်ကျစနစ်ဖြင့် ပြန်လည် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့ တောင်ခွဲရုံတာဝန်ခံက ဆိုသည်။

    “ကျွန်တော်တို့ ဒီနေ့ကစပြီး အုပ်စုလိုက်အလှည့်ကျစနစ်နဲ့ ပြန်ပြောင်းသွားတာဟုတ်ပါတယ်။ ဘယ်အထိလဲဆိုတာတော့ ကျွန်တော်တို့လည်းမသိပါဘူး။ အထက်က ညွှန်ကြားလာတဲ့အတိုင်း ထုတ်လွှတ်ပေးရတာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

    မော်လမြိုင်မြို့နယ်နှင့် မွန်ပြည်နယ်တွင် အုပ်စု (A)၊ (B)၊ (C) ခွဲကာ မြို့နယ်အလိုက် သတ်မှတ်ကာ အလှည့်ကျစနစ်ဖြင့် မီးပေးခြင်းကို မတ်လ တတိယအပတ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

    လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကမ်းလွန်ဓာတ်ငွေ့ စီမံကိန်းများဖြစ်သော ရတနာ၊ ဇောတိကနှင့် ရွှေကမ်းလွန်စီမံ ကိန်းများနှင့် ကုန်တွင်းဓာတ်ငွေ့တွင်းများမှ သဘာဝဓာတ်ငွေ့ကို အသုံးပြု၍ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ များဖြင့် ဓာတ်အား ၁၄၅၅ မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော် ဓာတ်အားစနစ်သို့ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်းဖြစ်သည်။

    ရွှေကမ်းလွန်သဘာဝ ဓာတ်ငွေ့စီမံကိန်းရှိ တွင်းအသစ်မှ ထွက်ရှိမည့် သဘာဝ ဓာတ်ငွေ့အား ရယူသုံးစွဲနိုင်ရေးအတွက် ပိုက်လိုင်းအသစ် ချိတ်ဆက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း အချို့နေရာများတွင် ၂၄ နာရီ ဝန်အား လျှော့ချ ခြင်းများ ဆက်လက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက်က ထုတ်ပြန်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks