spot_img
Wednesday, December 17, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးခရီးသွားလာခွင့် စည်းကမ်းချက် လိုက်နာရန် KNU ထုတ်ပြန်

    ခရီးသွားလာခွင့် စည်းကမ်းချက် လိုက်နာရန် KNU ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဧပြီ ၁၈)

    ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း ခရီးသွားလာခွင့် စည်းကမ်းချက်များကို လိုက်နာရန် KNU တပ်မဟာ ၆ မှ ယနေ့ (ဧပြီ ၁၈) တွင် ထုတ်ပြန်ခဲ့သည်။

    ခရီးသွားလာခွင့်ကို နေ့စဥ် နံနက် ၆  နာရီမှ ည ၇ နာရီအတွင်းသာ သွားလာခွင့် ပြုတော့မည်ဖြစ်ကြောင်း ည ၇ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ထုတ်ပြန်ခဲ့သည်။

    ထို့အတူ ခရီးသွားလာသည့် သူများအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းက စစ်ဆေးသည်ကို ကြည်ဖြူစွာလက်ခံပေးကြရန်နှင့် ခရီးသွားလာသူများအနေဖြင့် စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းချိန်တွင် ယာဉ်များ၏ တံခါးမှန်ကို ဖွင့်ထားရန်၊ မော်တော်ဆိုင်ကယ်ဖြင့် သွားလာသူများ ဆိုင်ကယ်ဦးထုတ် ချွတ်ပေးရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ပြည်သူများ အနေဖြင့် တပ်မတော်နှင့် ကင်းကင်းနေရန်၊ အရပ်သားများကို တပ်မတော်မှ အကာအကွယ် ယူခြင်းများကြောင်းဟု KNU ၏  နိုင်ငံခြားရေးတာဝန်ခံ ပဒိုစော‌တောနီးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    “အဓိကကတော့ စစ်ကောင်စီနဲ့ ကင်းကင်းရှင်းနေဖို့ပါပဲ အရပ်သားကို အကာအကွယ် ယူတာများတာကြောင့်မို့ပါ။ ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီး၊ မြဝတီ – ဝေါလေ လမ်းမကြီး ပိတ်ထားတာလည်း ပြန်မရုပ်သိမ်းသေးဘူးဆိုတာ ထပ်လောင်းအတည်ပြုတာပါ။ ခရိုင်အမြဲတမ်း ကော်မတီကနေ ထုတ်တာပါခင်ဗျ” ဟု ပဒိုစောတောနီးက ပြောသည်။

    ခရီးသွားလာသူများအ အနေဖြင့် မဖြစ်မနေ သွားရမည့် အဖွဲ့အစည်းလုပ်ငန်းများ၊ ကျန်းမာရေး အခြေအနေများ၊ ဒေသခံလူထုအနေဖြင့် လုပ်ငန်းခွင်သို့ သွားလာရန်ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးမှ သွားလာကြရန် လိုအပ်ကြောင်း သိရသည်။

    ယင်းသတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးယူခံရမည်ဖြစ်ပြီး၊ စည်းကမ်းသတ်မှတ်များကို ပြန်လည်ရုတ်သိမ်းကြောင်း ထုတ်ပြန်ခြင်းမပြုသရွှေ့ အတည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါ လမ်းမများတွင် တပ်မတော်နှင့် KNU၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲများကြောင့် အရပ်သားခရီးသည်တင်ယာဥ်နှင့် ကုန်တင်ကားများ မီးလောင်ခဲ့သလို အရပ်သားအချို့ ကျည်ထိမှန်သေဆုံးခဲ့သည့် ဖြစ်ရပ်များရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts