Homeသတင်းရေးမြို့နယ် NLDပါတီဥက္ကဌ နေအိမ်ချိတ်ပိတ်ခံရ

ရေးမြို့နယ် NLDပါတီဥက္ကဌ နေအိမ်ချိတ်ပိတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၀)

မွန်ပြည်နယ် ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဌ ဖြစ်သူ ဦးကျော်မိုးအေး၏ နေအိမ်ကို သက်ဆိုင်ရာများက  မတ်လ ၁၈ ရက်က ချိတ်ပိတ်ခဲ့ကြောင်း ရေးမြို့ရဲစခန်းမှ သိရသည်။

ချိတ်ပိတ်စဥ် ဦးကျော်မိုးအေး၏ မိသားစုဝင်အချို့ကို ဖမ်းဆီးခဲ့သည်ဟု သတင်းများ ထွက်ပေါ်မှုအပေါ် မိမိတို့ အနေဖြင့် ဖြေကြား၍ မရကြောင်း ရဲအသိုင်းအဝိုင်းက ပြောသည်။

“ဝရမ်းထုတ်ထားကတည်းက ချိတ်ပိတ်ဖို့ တရားရုံးဘက်ကနေ လုပ်ဆောင်နေတာတွေရှိပါတယ်။ အခုမှ ပိတ်ဖြစ်တာပါ။ ဖမ်းဆီးတာတွေဘာတွေကိုတော့ ကျနော်တို့ဘက်က ဖြေကြားလို့မရပါဘူး” ဟု ၄င်းက ပြောသည်။

ရေးမြို့ လဂွန်းအိမ်လမ်း အိမ်အမှတ် ၁၆ ကို ချိတ်ပိတ်ခဲ့ပြီး ဦးကျော်မိုးအေးနှင့် မိသားစုမှာ တိမ်းရှောင်နေကြကြောင်း သိရသည်။

ဦးကျော်မိုးအေးကို အကြမ်းဖက်အဖွဲ့အစည်းများနှင့်ဆက်သွယ်သည်ဟုဆိုကာ ရေးမြို့မရဲစခန်းက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဝရမ်းထုတ်ခဲ့သည်။

ဦးကျော်မိုးအေးရဲ့ညီဖြစ်သူ ကိုဇော်မိုးအေးနှင့် သားဖြစ်သူမှာ ယခင်က ဖမ်းဆီးခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ခဲ့သည်။

တစ်နိုင်ငံလုံးမှ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင်များ၏ နေအိမ် ၁၅၅ လုံးအထိ ချိတ်ပိတ်ခံထားရပြီး မွန်ပြည်နယ်တွင် ၁၁ လုံး ချိတ်ပိတ်ခံထားရကြောင်း NLD ပါတီ၏ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ဦးကျော်မိုးအေးရဲ့ညီဖြစ်သူ ကိုဇော်မိုးအေးနှင့် သား 
Crd DVB

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts