Homeသတင်းရေးမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပြီး PDF နှင့် အရပ်သား တစ်ဦးသေဆုံး

ရေးမြို့နယ်တွင် ပစ်ခတ်မှုဖြစ်ပြီး PDF နှင့် အရပ်သား တစ်ဦးသေဆုံး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ မတ်လ ၂၀)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင်ကျေးရွာတွင် မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားကာ ဒေသကာကွယ်ရေးတပ် (PDF)နှင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးအဖမ်းခံခဲ့ရကြောင်း သိရသည်။

ဝယ်ပေါင်ကျေးရွာရှိ ဝပ်ရှော့တစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ PDFအဖွဲ့ဝင်၏ အလောင်းကို စစ်တပ်က ယူဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဝပ်ရှော့မှာ ကားဝင်ပြင်ရင်း ဝင်အစီးခံရတာပါ။ သေသွားတဲ့ PDF ဆိုတဲ့ ကောင်လေးက အသက် ၂၀ ကျော်ကျော်လေးပဲရှိသေးတယ်။ သူ့အလောင်းကို စစ်တပ်က သယ်သွားတယ်” ဟု ၄င်းက ပြောသည်။

ဝယ်ပေါင်ကျေးရွာ ပစ်ခတ်မှုကြောင့် PDF မှ ကျော်ဇင်ထက်နှင့် အနီးနားရှိ ဒေသခံတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ်မှု အပြီးတွင် PDF များနှင့် စပ်ဆက်သူဟုဆိုကာ ပရဟိတသမား ကိုအောင်ခန့်ဟိန်းနှင့် အခြားတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး အဆက်အသွယ်ပြတ်တောက်နေကြောင်း နီးစပ်သူများထံမှ သိရသည်။

Caption; ဝယ်ပေါင်ရွာ (Google Map)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts