Saturday, March 14, 2026
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် အပြန်အလှန် ပစ်ခတ်သံများထွက်ပေါ်

    ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် အပြန်အလှန် ပစ်ခတ်သံများထွက်ပေါ်

    -

    မွန်သတင်းအေဂျင်စီ (မတ် ၁၄ ၂၀၂၂ ခုနှစ်)

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၉နာရီခန့်မှ စတင်ကာ သေနတ်ပစ်ခတ်သံနှင့် လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီး တိုက်ပွဲငယ်တစ်ခုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

    လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် အိမ်များ တုန်နေပြီး ဒေသခံတစ်ယောက် ကျည်ထိမှန်ထားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

    “ရပ်ကွက် ၃ ရွှေဝါလမ်းထိပ် စိုက်ပျိုးရေးရုံးမှာ အလုံးကြီးငယ်နဲ့ ဆက်တိုက်ပစ်နေတာ ခုထိပဲ။ ဆိုင်တောင် မသိမ်းလိုက်ရဘူး။ အိမ်တွေပါတုန်တယ်။ လမ်းထဲက လူတစ်ယောက်လဲထိသွားပြီ” ဟု ၎င်းက ပြောသည်။

    တပ်မတော်ဘက်က ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ တစ်ဘက်အဖွဲ့အစည်းကိုမှု မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ် မြို့မစျေးအနီး တပ်ရင်း ၃၂ တွင် ပစ်ခတ်မှု ဖြစ်ပွားနေခြင်းဖြစ်ပြီး ကွမ်းယာဝယ်နေသော အရပ်သားတစ်ဦး ကျည်ထိမှန်ထားပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    မတ်လ ဒုတိယအပတ်မှ စတင်ကာ ကရင်ပြည်နယ်တွင် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ပြန်လည် ပြင်းထန်လျက် ရှိသည်။

    Caption:ကြာအင်းဆိပ်ကြီးမြို့အဝင် ဆိုင်းဘုတ် (Internet)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks