spot_img
Monday, October 13, 2025
More
    spot_img
    Homeသတင်းတပ်မတော်အနေဖြင့် နိုင်ငံရေးက မထွက်ခွာပါက တွေ့ဆုံနွေးနွေးပွဲလုပ်၍မရဟု ပဒိုစောတောနီးပြော

    တပ်မတော်အနေဖြင့် နိုင်ငံရေးက မထွက်ခွာပါက တွေ့ဆုံနွေးနွေးပွဲလုပ်၍မရဟု ပဒိုစောတောနီးပြော

    -

    မွန်သတင်းအေဂျင်စီ  (၂၀၂၂ မတ်လ ၄)

    တပ်မတော်အနေဖြင့် နိုင်ငံရေးမှ မထွက်ခွာပါက တွေ့ဆုံဆွေးနွေးပွဲလုပ်၍ မရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောသည်။

    ယနေ့ကာလအထိ တပ်မတော်မှ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု နှစ်ပေါင်း (၆၀‌) ကျော်လာပြီဖြစ်ကြောင်း၊ ထို့အတူ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မည်ဆိုပါက သေသေချာချာ ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

    ပဒိုစောတောနီးက “ဒီနေ့ ဒီကာလမှာ တွေ့ဆုံဆွေးနွေးပွဲလုပ်တယ်ဆိုတာ ကျနော်တို့ကလည်း ထပ်ခါထပ်ခါပြောနေပြီ (၁) အချက်က ဘာလုပ်ရမှာလည်း စစ်တပ်ဟာ နိုင်ငံရေးက စွန့်ခွာရမယ်၊ ဒါက မလုပ်လို့မရတော့ဘူး၊ သေချာမလုပ်လို့ မရတော့ဘူး၊ စစ်တပ်ဟာ နှစ်ပေါင်း ၆၀ နော် ကျနော်တို့ မမွေးခင်ကတည်းက စစ်တပ်ဟာ နိုင်ငံရေးအာဏာကို ရယူထားတာ၊ ကျနော်တို့ အခုဟာ ၆၀ နားကပ်နေပြီ အဲဒီသက်တမ်းအတွင်းမှာ သူတို့ နိုင်ငံရေးကနေ လုံးဝထွက်ရမယ်၊ အဲဒါ (၁) အချက်၊ (၂) အချက် ဖက်ဒရယ်ဒီမိုကရေစီ ကျနော်တို့တိုင်းပြည်ကို တည်ဆောက်မယ်ဆိုတာ ပါးစပ်နဲ့ပြောလို့မရဘူး။ သေသေချာချာ timeline နဲ့ သေချာလုပ် အချိန်ဇယားနဲ့ သေချာဆွဲ ဘယ်ချိန်ထွက်မလဲ ဘယ်လိုလုပ်မလဲ” ဟု ပြောသည်။

    လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရးကောင်စီ (နစက) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် ပြည်ထောင်စုစနစ် တည်ဆောက်မည်ဟု အသီးသီးပြောကြားထားခဲ့သည်။

    ပြီးခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် ရရှိခဲ့သည့် အတွေ့အကြုံအရ တွေ့ဆုံဆွေးနွေးပွဲများကို နိုင်ငံတကာမှ ကြီးကြပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိ လူထုအပေါ် ရန်သူသဖွယ်သတ်မှတ်ကာ သတ်ဖြတ်နေမှုအား ရပ်တန့်ရန်လိုအပ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

    “တတိယအချက်က ဘာလဲဆို‌တော့ တွေ့ဆုံဆွေးနွေးပွဲ တကယ်လုပ်ပြီဆိုရင်တော့ ကျနော်တို့ ရခဲ့တဲ့ အတွေ့အကြုံအရတော့ အင်မတန်ခါးသီးတဲ့ အတွေ့အကြုံ ကြုံတွေ့ရတယ်၊ နောက်ဆုံးတော့ စစ်တပ်က အာဏာသိမ်းသွားတယ်၊ အဲတာကြောင့်မို့ နိုင်ငံတကာ ပါဝင်ပတ်သက်မှုအနေအထားအရ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတကာ ဘယ်လိုကြီးကြပ်မလဲ၊ ဘယ်လိုစောင့်ကြည့်မလဲ အဲတာတွေက မပါရှိပဲ လုံးဝလာစကားပြောလို့မရဘူး။ လုံးဝ လက်လည်း မခံနိုင်ဘူး။ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ နောက်ဆုံးအချက်က ဘာလဲဆိုတော့ ကျနော်တို့က ဒါကို အရင်က ပြောလေ့ပြောထားမရှိဘူး။ အခုတော့ ဒါကိုပြောရတော့မယ်၊ ဒီလိုရမ်းကားပြီးတော့ လူထုအပေါ်မှာ ရန်သူလိုဆက်ဆံပြီးတော့ သတ်တာဖြတ်တာတွေက ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်း မရှိတဲ့အပေါ်မှာ တကယ်တမ်းတွေ့ဆုံဆွေးနွေးပွဲလုပ်ပြီဆိုရင်တော့ အဲမှာကို အသွင်ကူးပြောင်းရေးကာလ အသွင်တရားကိုတော့ ဖော်ထုပ်လို့ရမယ်၊ အဲတာကို လက်ခံနိုင်ရမယ်၊ ဒါကို ကျူးလွန်တဲ့သူတွေက ငါ့ကို အမိန့်ပေးလို့ ငါလုပ်ရပါတယ်ဆိုတာမျိုး လုပ်လို့မရဘူး။ လုံးဝလက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

    ယင်းအချက် (၄) ကို လက်ခံနိုင်ပါက တွေ့ဆုံဆွေး၍ ရပြီး လက်မခံနိုင်ပါက တွေ့ဆုံဆွေးနွေးပွဲလုပ်၍ မရကြောင်း ပဒိုစောတောနီးက ပြောသည်။

    နစကကောင်စီအနေဖြင့် ပြီးခဲ့သည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ကြားခဲ့ပြီး ယင်းဖိတ်ကြားချက်အရ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၁၁) ဖွဲ့တက်ရောက်ခဲ့ကြသည်။

    (KNU) မှ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီ (Internet)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts