Friday, March 13, 2026
More
    spot_img
    Homeသတင်းသထုံမြို့မစျေးတွင် ဗုံးပေါက်ကွဲပြီး ဆိုင်ခန်း ၂၀ ကျော်ပြိုကျ

    သထုံမြို့မစျေးတွင် ဗုံးပေါက်ကွဲပြီး ဆိုင်ခန်း ၂၀ ကျော်ပြိုကျ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဖေဖော်ဝါရီ ၁၈)

    မွန်ပြည်နယ် သထုံမြို့၊ မြို့မစျေးတွင် ယနေ့ (ဖေဖော်ဝါရီလ ၁၈ရက်) နေ့လည်ပိုင်းတွင် ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်း ၂၀ ကျော် ပြိုကျပျက်ဆီးခဲ့ကြောင်း သထုံခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။

    သထုံမြို့၊ အောက်ကျင်းရပ်ကွက်ရှိ သထုံမြို့မစျေး စျေးခေါင်းရုံးမှာ ပေါက်ကွဲမှုစတင်ခြင်းဖြစ်ပြီး စျေးဝယ်သူနှင့် စျေးရောင်းသူ ၉ ဦးခန့်လည်း ထိခိုက်ခဲ့ကြောင်း သိရသည်။

    အဆိုပါပေါက်ကွဲမှုကို သက်ဆိုင်ရာက သွားရောက်စစ်ဆေးနေပြီး မည်သူ့အဖွဲ့အစည်းကလုပ်ဆောင်ကြောင်း မသိရသေးဟု သထုံခရိုင်ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ အခုသွားရောက်စစ်ဆေးနေပါတယ်။ ဘယ်လိုဗုံးအမျိုးအစားမလို့ ဒီလောက်ပြင်းတယ်ဆိုတာကို အခုထိအတည်ပြု မပြောနိုင်သေးပါဘူး။ ဘယ်အဖွဲ့အစည်းလုပ်တာလည်း ဆိုတာလည်း စစ်ဆေးနေဆဲပါ”ဟု ၎င်းက ပြောသည်။

    ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ များကို သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    သထုံတွင် ပေါက်ကွဲမှုများ မကြာခဏဖြစ်ပေါ်နေပြီး ဇန်နဝါရီလ ၂၀ ရက်နေ့တွင်လည်း သထုံမြို့နယ်မှ ထိုင်းနိုင်ငံဘက်သို့ သွယ်တန်းထားသော ဂတ်စ်ပိုက်လိုင်းတစ်ခုဖောက်ခွဲခံခဲ့ရကြောင်း သတင်းများအရ သိရသည်။

    Caption: ဗုံးပေါက်ကွဲမှုကြောင့် ဈေးဆိုင်ခန်းများ ပျက်ဆီးနေပုံ

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks