HomeCovid 19မုဒုံတွင် ကိုဗစ်လူနာ ၂၆ ဦးထပ်မံတွေ့ရှိ အိုမီခရွန်ကူးစက်ခံရသူမရှိသေး

မုဒုံတွင် ကိုဗစ်လူနာ ၂၆ ဦးထပ်မံတွေ့ရှိ အိုမီခရွန်ကူးစက်ခံရသူမရှိသေး

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ၊ဖေဖော်ဝါရီ ၁၇)

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ကိုဗစ် – ၁၉ အတည်ပြုလူနာသစ် ၂၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ မုဒုံတွင် အိုမီခရွန်ဗီဇမျိုးကွဲသစ် ကူးစက်ခံထားရသူ မရှိသေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်တွင် ကိုဗစ် – ၁၉ ရောဂါ နေ့စဥ် ၁၀ ဦးနှင့် အထက် ကူးစက်ခံ‌နေရပြီး ဗီဇမျိုးကွဲသစ် အိုမီခရွန် ကူးစက်ခံရသူ မရှိသေးကြောင်း မြို့နယ်ကျန်းမာရေးမှူးက ပြောသည်။

“အိုမီခရွန်လူနာတော့ အခုထိမရှိသေးပါဘူး။ ကျွန်မတို့ PCRစနစ်နဲ့ စစ်ရင် အိုမီခရွန်မျိုးစိတ်လား အရင်ကမျိုးစိတ်ပဲလားဆိုတာကို သိရပါတယ်။ အိုမီခရွန် လက္ခဏာရှိတဲ့သူတွေကို PCR စနစ်နဲ့ စစ်ပြီး ထိစပ်သူတွေကိုတော့ Test Kitနဲ့ စစ်ဆေးပါတယ်”ဟု ၎င်းက ပြောသည်။

RT – PCR နည်းဖြင့် စစ်လျှင် အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့တွင် ပါလာသော ဗိုင်းရပ်စ်ကို မသေအောင် ဓာတ်ခွဲစမ်းသပ်ရည်များနှင့်ထားပြီး စက်ကြီးများဖြင့် စစ်ဆေးခြင်းဖြစ်ကြောင်း၊ အဆိုပါ နည်းဖြင့် စစ်ဆေးရာတွင် ၃နာရီမှ ၅နာရီအထိ ကြာမြင့်ပြီး ပိုးအမျိုးအစား အသေးစိတ် အချက်အလက်များကို သိနိုင်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာများနေ့စဥ် ကူးစက်မှုနှုန်းမြင့်တက်လာပြီး အိုမီခရွန် ရောဂါပိုးတွေ့ရှိသူစာရင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သီးခြားထုတ်ပြန်ခြင်းမရှိပေ။

ဖေဖော်ဝါရီ ၁၆ရက်‌နေ့နှင့် ၁၇ရက်နေ့တွင် မွန်ပြည်နယ်၌ ကိုဗစ်အတည်ပြုလူနာသစ် ၁၄၀ ဦး နှစ်ရက်ဆက်တိုက်တွေ့ရှိ ခဲ့သည်။

ပိုးတွေ့နှုန်းဆက်တိုက်မြင့်တက်လာခြင်းကြောင့် ကိုဗစ်အတည်ပြုလူနာများအတွက် နေ့စဥ် နေရာထိုင်ခင်းအသစ်များ စီစဥ်ပေးနေရကြောင်း မွန်ပြည်နယ်ရှိ လူမှုကူညီရေးအသင်းများထံမှ သိရသည်။

နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၆ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၂၇၄၀) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၈.၉၈) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Caption: ကိုဗစ်အတည်ပြု လူနာများကို ဆေးဝါးကုသမှုခံယူရန် ပို့ဆောင်နေစဉ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts