Homeသတင်းမွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာသစ် ၁၀၀ ကျော် စံချိန်တင်တွေ့

မွန်ပြည်နယ်တွင် ကိုဗစ်ပိုးတွေ့လူနာသစ် ၁၀၀ ကျော် စံချိန်တင်တွေ့

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ၊ဖေဖော်ဝါရီ ၁၆)

မွန်ပြည်နယ်တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာသစ် ၁၄၀ ဦးအထိ စံချိန်တင်တွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ကိုဗစ်ပိုးတွေ့ လူနာအရေအတွက်သည် ထုတ်ပြန်ချက်ထက် များနိုင်ကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့သိရသလောက်က မြေပြင်မှာ အခုထက်ပိုများတယ်။ မုဒုံမှာဆို ၂၂ ဦးတွေ့တယ် ထုတ်ပြန်ချက်မှာ ၁၄ဦးပဲပါတယ်။ ပြီးတော့အခုနောက်ပိုင်း ကူးစက်တာတွေက ကျောင်းရော ရပ်ကွက်တွေရော နေရာပေါင်းစုံကနေ ကူးနေတာ။ ကလေးငယ်တွေလည်း တော်တော်များများပါတယ်”ဟု ၎င်းက ပြောသည်။

ကျိုက်မရောတွင် ပိုးတွေ့လူနာသစ် ၄၀ ဦး ၊ ကျိုက်ထိုတွင် ၃၆ ဦး၊ သံဖြူဇရပ်တွင် ၁၈ ဦး၊ မုဒုံတွင် ၁၄ ဦး၊ သထုံတွင် ၁၃ ဦး၊ မော်လမြိုင်တွင် ၁၀ ဦး၊ ချောင်းဆုံတွင် ၇ ဦး၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တွင် တစ်ဦးစီ အသီးသီး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင်း သိရသည်။

လက်ရှိတွင် မွန်ပြည်နယ်မှာ ကိုဗစ်လူနာများထားရှိရန် နေရာများကို ပြန်လည်တိုးချဲ့နေရကြောင်း သိရသည်။

နစကကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနမှ ဖေဖော်ဝါရီ ၁၅ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် (၂၄၆၇) ဦး တွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်း (၈.၀၂) ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Caption: ကိုဗစ်ပိုးတွေ့သူများကို ဆေးဝါးကုသမှုခံယူရန် ခေါ်ဆောင်သွားစဉ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts