Homeငြိမ်းချမ်းရေးပေါင်မြို့နယ်တွင် ပြည်သူ့စစ်တစ်ဦး အသတ်ခံရ

ပေါင်မြို့နယ်တွင် ပြည်သူ့စစ်တစ်ဦး အသတ်ခံရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၁)

မွန်ပြည်နယ် ပေါင်မြို့နယ် စွယ်တော်ပိုင်းတွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဘိုဘိုအောင်ကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက အသတ်ခံခဲ့ရကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပေါင်မြို့၊ မိုးနှိုင်းရပ်ကွက်စွယ်တော်ပိုင်း မြို့အဝင်ကွက်သစ်ရှိ လယ်ကွက် တခုထဲတွင် ဓားဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မနေ့က မနက် ၁၀ နာရီလောက်မှာ ၁၀ အိမ်မှူးက ကျနော့်ကို ဖုန်းဆက်လာတယ်။ ကျနော်တို့ သွားတော့ သူက မှောက်လျက်ကြီး။ ဓားဒဏ်ရာ ၃ ချက်နဲ့သေနေတယ်။ အဲဒါနဲ့ ရဲနဲ့ သက်ဆိုင်ရာကို ခေါ်ပြီး ဆေးရုံပို့လိုက်ပါတယ်။ တရားခံကိုတော့ စုံစမ်းနေဆဲပါ” ဟု မိုးနှိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

သေဆုံးသူမှာ အသက် ၃၇ နှစ်ရှိ ဘိုဘိုအောင် (ခ) ဦးစိုးမြင့် ဖြစ်ပြီး စွယ်တော်ပိုင်း မိုးနှိုင်းရပ်ကွက်၌ ကျပန်းအလုပ်လုပ်ကာ အသက်မွေးနေထိုင်သူတစ်ဦး ဖြစ်သည်။

သေဆုံးချိန်တွင် ဘိုဘိုအောင်၏ ရင်ညွန့်တွင် ဓားဒဏ်ရာတစ်ချက်နှင့် ရင်ညွန့်အထက်တွင် ဓားဒဏ်ရာနှစ်ချက် တွေ့ရှိရကြောင်း သိရသည်။

 အလားတူဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ရေးမြို့နယ်တွင် ကျင်းပသော လမ်းဖွင့်ပွဲမှအပြန် တိုက်ခိုက်ခံရမှုကြောင့် အစင်ကျေးရွာ အုပ်ချုပ်ရေးမှူးကားပေါ်တွင် လိုက်ပါလာသူ ပြည်သူ့စစ်အဖွဲ့ဝင် ဦးနေလမှာ ညာပေါင်မှ စအိုဝထိ စိုးရိမ်ရသော ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့သည်။

Caption: ပေါင်မြို့အဝင်ဆိုင်းဘုတ် (Paung Daily)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts