Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ကွမ်းသီးဈေး ထက်ဝက်ကျော် ကျဆင်း

    မွန်ပြည်နယ်တွင် ကွမ်းသီးဈေး ထက်ဝက်ကျော် ကျဆင်း

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၀)

    မွန်ပြည်နယ်အတွင်းက ထွက်ရှိ‌သည့် ကွမ်းသီးဈေးနှုန်းများ ထက်ဝက်ကျော် ပြန်လည်ကျဆင်းလာကြောင်း ကုန်သည်များထံက သိရသည်။

    မွန်ပြည်နယ်တွင် ကွမ်းသီးဈေး ထက်ဝက်ကျော် ကျဆင်းမွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေဖော်ဝါရီ ၁၀)မွန်ပြည်နယ်အတွင်းက ထွက်ရှိ‌သည့် ကွမ်းသီးဈေးနှုန်းများ ထက်ဝက်ကျော် ပြန်လည်ကျဆင်းလာကြောင်း ကုန်သည်များထံက သိရသည်။ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ကွမ်းသီးအခြောက် ဈေးများ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ပိဿာ ၁၀၀၀၀ ကျပ်ထိ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့သော်လည်း ယခုနှစ် ဇန်နဝါရီ တတိယအပတ်မှ စတင်ကာ ကွမ်းသီးခြောက် တစ်ပိဿာ ၅၀၀၀ ကျပ်သာ ပေါက်ဈေး‌ရှိကြောင်း ကွမ်းခြံစိုက်တောင်သူ တစ်ဦးက ပြောသည်။
    Caption: ကွမ်းသီးပင်  (Photo: Internet)

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ကွမ်းသီးအခြောက် ဈေးများ စံချိန်တင်မြင့်တက်ခဲ့ပြီး တစ်ပိဿာ ၁၀၀၀၀ ကျပ်ထိ ဈေးနှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့သော်လည်း ယခုနှစ် ဇန်နဝါရီ တတိယအပတ်မှ စတင်ကာ ကွမ်းသီးခြောက် တစ်ပိဿာ ၅၀၀၀ ကျပ်သာ ပေါက်ဈေး‌ရှိကြောင်း ကွမ်းခြံစိုက်တောင်သူ တစ်ဦးက ပြောသည်။

    “ဈေးကတော့ ပြန်ကျသွားတယ်။ ၅၀၀၀ လောက် ပြန်ကျသွားတယ်။ ဒီလောက်ဈေးနဲ့ဆိုရင် ကျွန်မတို့အတွက်က အဆင်မပြေဘူးပေါ့နော်။ အလုပ်သမားဖိုးဖယ်တာနဲ့။ ကျန်တဲ့စရိတ်တွေ ဖယ်လိုက်ရင် ဘယ်လောက်မှ မရဘူး”ဟု ၎င်းက ပြောသည်။

    လက်ရှိ ပြည်တွင်းတွင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ယခင်နှစ်များထက် ဝယ်လိုအား သိသိသာသာ ကျဆင်းလာကြောင်း ၎င်းက ပြောသည်။

    လုပ်ငန်းရှင်တစ်ဦးက “အခုချိန်က မတည်ငြိမ်တဲ့ အနေအထားဆိုတော့ ခြံထဲမှာလည်း မနေရဲဘူး။ ခြံကိုပစ်ထားသလို ဖြစ်တဲ့အချိန်တွေလည်းရှိတော့ ရသင့်တာတွေလည်း မရဘူးပေါ့။ ပစ်ထားသလို ဖြစ်တာပေါ့”ဟု ပြောသည်။

    မွန်ပြည်နယ်က ထွက်ရှိသော ကွမ်းသီးများကို ပြည်တွင်း မြို့နယ်များသာမက ပြည်ပနိုင်ငံများဖြစ်သော အိန္ဒိယ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့လည်း တင်ပို့နေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks