spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးNMSP ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားရှိ ကျေးရွာ ၁၁ ရွာကို ဆန်နှင့် ဆီဝေငှ

    NMSP ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားရှိ ကျေးရွာ ၁၁ ရွာကို ဆန်နှင့် ဆီဝေငှ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဖေ ၇ )

    မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ကျေးရွာ ၁၁ ရွာအတွက် ဆန်နှင့်ဆီများကို ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဒေသအခြေစိုက် မွန်ပြည်သစ်ပါတီအုပ်ချုပ်ရေးအဖွဲ့များမှတဆင့် ရာမညငြိမ်းချမ်းရေးဖောင်ဒေးရှင်း RPF နှင့် မွန်အမျိုးသမီးကွန်ယက် (MWN) တို့ သွားရောက်ဝေငှပေးခဲ့ကြောင်း သိရသည်။

    မွန်ပြည်သစ်ပါတီ ရေးချောင်းဖျားဒေသ မြို့နယ်ဥက္ကဌ ဦးဆောင်သည့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည်များက ရွာသားများအား ဆန်အိတ်များကို အိမ်အရောက် ဝိုင်းဝန်းကူညီသယ်ဆောင်ပေးခဲ့ကြောင်း မွန်ပြည်သစ်သတင်းစဥ် ဖော်ပြချက်အရ သိရသည်။

    သို့ရာတွင် ဆန်အိတ်များနှင့် ဆီဗူးများအရေအတွက် မည်မျှဝေပေးခဲ့သည်ကို ဖော်ပြထားခြင်းမရှိသလို သက်ဆိုင်ရာတာဝန်ခံများကလည်း မွန်သတင်းအေဂျင်စီသို့ ဖြေကြားခြင်း မပြုခဲ့ပေ။

    NMSP ထိန်းချုပ်နယ်မြေအတွင်း ဆန်နှင့် ဆီ ဝေငှသည့် ကိစ္စနှင့် ပတ်သက်၍ မိမိအနေဖြင့် မသိရှိသေးကြောင်း၊ ပြည်တွင်းရေးရာဌာနသို့ ဆက်သွယ်မေးမြန်းရန် NMSP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ဆိုသည်။

    “ကျနော်သိပ်မသိဘူး။ ပြည်တွင်းရေးရာ ဌာနကို မေးကြည့်ပါလား ဒီကိစ္စကျနော်က သိပ်မသိဘူး။ ဒီ NGO တွေနဲ့ ဆက်သွယ်မှု၊ CSO တွေနဲ့ ဆက်သွယ်မှုက ဒီပြည်တွင်းရေးရာဌာနပဲ သိမှာပဲလေ” ဟု နိုင်အောင်မငေးက ပြောသည်။  

    ထို့အတူ မကြာမီးက နီပွန်ဖောင်ဒေးရှင်းမှ ဆန်ရိက္ခာထောက်ပံ့ပေးခဲ့သည့်ကိစ္စများနှင့်ပတ်သက်၍ သတင်းဌာနများ၏ မေးမြန်းချက်ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဖြေကြားခြင်းမရှိခဲ့ပေ။

    “နီပွန်ဖောင်ဒေးရှင်းမှ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀) ဖွဲ့မှ KNUနှင့် CNF မပါ ကျန် (၈) ဖွဲ့ ဖြစ်သည့် ABSDF၊ ALP၊ DKBA၊ KNU/ KNLA/ PC၊ NMSP၊  LDU၊ PNLOနှင့် RCSS အဖွဲ့တို့အား လူသားချင်းစာနာမှုဆိုင်ရာအကူအညီ (စားနပ်ရိက္ခာ)အဖြစ် ဆန်(၆၂၃၅၀) အိတ်ထောက်ပံပေးမည့် ကိစ္စနှင့် ပတ်သက်၍ ဤရုံးမှ မူဝါဒအရ ပြည်တွင်းမှသာ ထောက်ပံ့ပစ္စည်းရယူဆောင်ရွက်ရန်၊ ဆန်အိတ်များကို ထောက်ပံရာတွင် တစ်လုံးတစ်ခဲတည်း ထောက်ပံ့ခြင်း မပြုဘဲ ၂၀ % (သို့မဟုတ်) ၂၅% စီဖြင့် အလီလီခွဲ၍ သက်ဆိုင်ရာအစိုးရအဖွဲ့ ကြက်ခြေနီအဖွဲ့တို့ဖြင့် ပူးတွဲဆောင်ရွက်ရန် ညွန်ကြားထားပြီး ဖြစ်ပါသည်” ဟူသည့် မိတ္တူစာတစ်စောင် အင်တာနက်ပေါ်တွင် မကြာသေးခင်က ပြန့်နှံ့နေသည်။

    မွန်ပြည်သစ်ပါတီ (NMSP) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် မွန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး မွန်ပြည်နယ်အတွင်း ထိုင်းနယ်စပ်နှင့်ထိစပ်နေသည့် တောတွင်းနေရာတစ်ခု၌ ဗဟိုဌာနချုပ်နေရာ အခြေစိုက်ထားသည်။

    ထို့ပြင် မွန်ပြည်သစ်ပါတီ အုပ်ချုပ်ရေးဌာနလက်အောက်ရှိ ရေးချောင်းဖျားဒေသတွင် ပြည်ထဲရေးအမည်ပေါက်ကျေးရွာပေါင်း (၉) ရွာနှင့် အမည်မပေါက်ကျေးရွာ (၁၁) ရွာရှိကြောင်း၊ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသနှင့် ထားဝယ်ခရိုင်အတွင်းရှိ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကျေးရွာပေါင်း (၃၅)ရွာ အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော် လူဦးရေ (၃)သောင်းနီးပါးရှိကြောင်း မှတ်တမ်းများတွင် တွေ့ရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks