spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ပထမကြိမ်ပြည်သူ့ညီလာခံပြီးစီး

    အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC ပထမကြိမ်ပြည်သူ့ညီလာခံပြီးစီး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီလ-၃၁)

    ကရင်၊ ကရင်နီ၊ ချင်းပြည်နယ်၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့ တွင် နစကကောင်စီမှ အင်အားအလွန်အကျံ အသုံးပြု၍ မြေပြင်နှင့် လေကြောင်း စစ်ဆင်ရေးများဖြင့်  အရပ်သားများ ပစ်မှတ်ထားတိုက်ခိုက်ခံရသည့်အပေါ် ပြည်သူလူထုများအား အကာအကွယ်ပေးသည့် လုံခြုံသည့်နေရာများ သတ်မှတ်ပေးရန်နှင့် ထိုပြည်သူများအား လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှ ကြီးမှူးသည့် ပထမကြိမ်ပြည်သူ့ညီလာခံတွင် ဆွေးနွေးခဲ့ကြပြီး ကျေညာချက်တရပ် ထုတ်ပြန်ခဲ့သည်။

    “နစကစစ်ကောင်စီအနေဖြင့် ဂျီနီဗာသဘောတူညီချက်အပါအဝင် နိုင်ငံတကာလူ့ အခွင့်အရေးဥပဒေများကို ချိုးဖောက်လျက် ပြည်ထောင်စုတဝှမ်းရှိ အပြစ်မဲ့ ပြည်သူများအား ကျယ်ကျယ်ပြန့် ပြန့် နှင့် ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုများ စသည့် ကျိုးလွန်နေမှုမှန်သမျှကို ဤပြည်သူ့ ညီလာခံကြီးက ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချ” ဟု ထုတ်ပြန်ကျေညာချက်က ဖော်ပြထားပြီး နစကကောင်စီအား ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှတဆင့် အပြည်ပြည်ဆိုင်ရာရာဇာဝတ်မူခုံရုံး၌ အရေးယူပေးရန် တောင်းဆိုခဲ့သည်။

    ဇန်နဝါရီလ (၂၇) ရက်နေ့ မှ (၂၉) ထိ ကျင်းပသည့် NUCC မှ ကြီးမှုးကျင်းပသည့် ပြည်သူ့ ညီလာခံ၌ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံထူထောင်ရေးအတွက် နိုင်ငံရေးဆုံးဖြတ်ချက်များစွာ ချမှတ်နိုင်ခဲ့ကြောင်း NUCC မှ ဇန်နဝါရီလ (၃၀) ရက်နေ့ မွန်းလွဲပိုင်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC ခေါင်ဆောင်တို့က ရှင်းလင်းပြောကြားခဲ့သည်။

    "အဓိကအားဖြင့် ကျနော်တို့ က ဒီတော်လှန်ရေးကာလမှာ အရေးကြီးဆုံး ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို ကျနော်တို့ (၈) လတာ ပြန်လည်သုံးသပ်ပြင်ဆင်ပြီးတော့ အခု သဘောတူနိုင်ခဲ့ပါတယ်" ဟု NUCC ခေါင်းဆောင်တဦးဖြစ်သူ အလုပ်သမားများမဟာမိတ်အဖွဲ့ (Labour Alliance) မှ ဦးမောင်မောင်က ပြောကြားခဲ့သည်။

    ၎င်းအပြင် စစ်အာဏာသိမ်းပြီး ဧပြီလတွင် ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မီတီ (CRPH) မှ တင်ပြချက်ဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီမှ ဦးဆောင်ဖွဲ့ စည်းပေးခဲ့သည့် ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရကို ဖက်ဒရယ်ဒီမိုကရေစီချာတာ အစိတ်အပိုင်း (၂) ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံနှင့် အညီ ပြည်သူ့ ညီလာခံ ရှေ့ မှောက်တွင် ဆက်လက် အတည်ပြုနိုင်ခဲ့သည်။

    "အမှန်ကတော့ NUCC က NUG အစိုးရကို ထိန်းကျောင်းတည့်မတ်သွားဖို့ တာဝန်လည်း ရှိတယ်။ ဒီတော်လှန်ရေးကာလမှာ NUCC က မူဝါဒတွေ ချမှတ်ပေးမယ်၊ ဒါကို NUG နဲ့ အခြား ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီတွေ ကော်မရှင်တွေ အကောင်အထယ်ဖော်သွားမယ်" ဟု NUCC  ခေါင်းဆောင်တဦးမှ ပြောကြားခဲ့သည်။

    ယခင်က ယာယီအဖွဲ့ ဝင် (၂၈) ဖွဲ့ ဖြင့် ဖွဲ့ စည်းထားသည့် NUCC ကိုလည်း အစုအဖွဲ့ (၅) ဖွဲ့ အဖွဲ့ ဝင်အဖွဲ့ အစည်းပေါင်း (၃၃) ဖွဲ့ ဖြင့် ပြန်လည် ပြင်ဆင်ဖွဲ့ စည်းခဲ့ကြောင်း၊ အဆိုပါ အစုအဖွဲ့ (၅) ဖွဲ့ တွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ အစည်းများ (EROs)၊ ပြည်နယ်/ လူမျိုးအခြေပြု ကိုယ်စားပြုကောင်စီ ကော်မီတီများ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုလွတ်တော်ကိုယ်စားပြုကော်မ်ီတီတို့  ပါဝင်ခဲ့သည်။

    ပြည်သူညီလာခံ ထုတ်ပြန်ကြေညာချက်တွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သည့် ပထမကြိမ် ပြည်သူ့ ညီလာခံသို့ တက်ရောက်သူကိုယ်စားလှယ်နှင့် လေ့လာသူ (၃၃၈) ဦး တက်ရောက်ခဲ့သည်ဟု ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks