spot_img
Wednesday, February 4, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဖာပွန်မြို့တွင်းမှ စစ်တပ်လက်အောက်ခံ ဝန်ထမ်းများအားလုံး ထွက်ခွာသွားရန် KNU တပ်မဟာ ၅ ထုတ်ပြန်

    ဖာပွန်မြို့တွင်းမှ စစ်တပ်လက်အောက်ခံ ဝန်ထမ်းများအားလုံး ထွက်ခွာသွားရန် KNU တပ်မဟာ ၅ ထုတ်ပြန်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၃၀)

    ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် အရပ်ဘက်ဆိုင်ရာ ဌာနအသီးသီးမှ ဝန်ထမ်းများ အားလုံး မြို့တွင်းမှ ထွက်ခွာရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ ၅ မှ ဇန်နဝါရီ ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

    တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက “ကျနော်တို့ အဲတာကို ၂၀၂၁ မတ်လလောက်ကတည်းက သဘောထားထုတ်ပြန်ထားပြီးလည်း ဖြစ်တယ်၊ ကျနော်တို့ရဲ့ KNU အုပ်ချုပ်ရေးနယ်မြေမှာ ကျနော်တို့ KNU ကပဲ အုပ်ချုပ်သွားမယ်ဆိုတဲ့ ဟာပေါ့နော်၊ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကိုတော့ ကျနော်တို့ လုံးဝလက်မခံဘူး။ သို့သော်လည်းပဲ CRPH၊ NUG ရဲ့ အုပ်ချုပ်မှု စီမံခန့်ခွဲမှုကိုတော့ KNU အုပ်ချုပ်နယ်မြေရဲ့ ပြင်ပမှာဆိုရင်တော့ ကျနော်တို့ တစ်စုံတစ်ရာ ပူးပေါင်းဆောင်ရွက်မှုလုပ်မယ်ဆိုတဲ့ သဘောထားကလည်း ထုတ်ပြန်ပြီးသားလည်း ဖြစ်တယ်၊ ဒါကြောင့်မို့လို့ အခုလို့ ၂၀၂၂ ရောက်လာတဲ့အခါမှာ ကျနော်တို့ အုပ်ချုပ်ရေးကိစ္စတွေကို ပိုမိုပြီးတော့မှ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ဖို့ကတော့ လက်ရှိရှိနေသေးတဲ့ စစ်ကောင်စီရဲ့ သူတို့ရဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေကိုအပေါ်မှာတော့ ကျနော်တို့ ဒီဟာတွေမရှိဖို့အတွက် ထွက်သွားဖို့အတွက် ဒုတိယအကြိမ်ပဲ ပြောရမလား သတိပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

    လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်သည့် စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ နည်းမျိုးစုံဖြင့် တော်လှန်နေကြကြောင်း၊ တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ ယန္တရားများ မလည်ပတ်နိုင်ရန် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

    “စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများအားလုံးအား မိမိနေထိုင်ရာဒေသသို့ အတားအဆီးမဲ့ ရေလမ်းကြောင်းဖြင့် ဖာပွန်မြို့မှ သတ်မှတ်သည့်အချိန် နေရက်အတွင်း ထွက်ခွာကြရန်နှင့် မြို့ခံဝန်ထမ်းများသည်လည်း စစ်ကောင်စီလက်အောက်တွင် ဌာနဝန်ထမ်းများ ထမ်းဆောင်ခြင်းမှ ရှောင်ရှားကြရန် အသိပေးအကြောင်းကြားအပ်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ယင်းထုန်ပြန်ချက်ကို လိုက်နာမှု မရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သတိပေးခြင်းနှင့်အတူ အသိပေးအကြောင်းကြားသည်ဟု ဖော်ပြထားသည်။

    ၎င်းတို့ သတ်မှတ်ထားသည့်ရက်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ (၁၀) ရက် ဖြစ်ကြောင်း သိရသည်။

    ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း နစကကောင်စီတပ်များနှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်များ၏ စစ်ရေးလှုပ်ရှားမှု အစဥ်မပြတ်ပြုလုပ်သဖြင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့အကြား ယခုအခါ ထိတွေ့ပစ်ခတ်မှု နေ့စဉ် ဖြစ်ပွားလျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်မှ ၂၅ ရက်နေ့အထိ ၁၀ ရက်အတွင်းတွင် ထိတွေ့ပစ်ခတ်မှုပေါင်း (၁၀၅) ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟိုဌာနချုပ်က ဇန်နဝါရီ ၂၆ တွင် ထုတ်ပြန်ထားသည်။

    သို့ရာတွင် အဆိုပါ KNU ထုတ်ပြန်ချက်ပေါ် နစကသို့ရာတွင် အထက်ပါ KNU ထုတ်ပြန်ချက်ပေါ် နစကကောင်စီအနေဖြင့် တစုံတရာမှတ်ချက်ပေး ပြောဆိုမှုများ မတွေ့ရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks