Tuesday, March 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်ရေးကိစ္စများ အနီးကပ်တိုးမြှင့်လုပ်ဆောင်နိုင်ရန် ခရိုင်တိုးမြှင့်ခြင်းဖြစ်နိုင်ဟု ယူဆပြောဆိုမှုရှိ

    စစ်ရေးကိစ္စများ အနီးကပ်တိုးမြှင့်လုပ်ဆောင်နိုင်ရန် ခရိုင်တိုးမြှင့်ခြင်းဖြစ်နိုင်ဟု ယူဆပြောဆိုမှုရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂၊ ဇန်နဝါရီ ၂၁)


    အာဏာသိမ်းကာလတွင်  စစ်ရေးကိစ္စများကို အနီးကပ် တိုးမြှင့်လုပ်ဆောင်နိုင်ရန် ခရိုင်တိုးမြှင့်ခြင်း ဖြစ်နိုင်ကြောင်း ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့၊ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ဆိုသည်။

    “စစ်ရေးဒေသတွေမှာ အနီးကပ် လုပ်ဆောင်ချက်တွေ တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ လုပ်တာမျိုးဖြစ်နိုင်တယ်။ နောက်တစ်ခုက ဖွဲ့စည်းပုံအခြေခံဥပဒေမှာကလည်း နယ်နမိတ်တွေကို လိုအပ်ချက်အရ လိုသလို တိုးမြှင့်နိုင်တယ်လေ” ဟု ဦးကြီးမြင့်က ဆိုသည်။

    ယခင်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ခရိုင် ၇၄ ခရိုင်သာရှိသော်လည်း လက်ရှိထွက်ပေါ်လျက်ရှိသော သတင်းများအရ နိုင်ငံအဝှမ်းတွင် ခရိုင်အသစ် ၄၂ ခရိုင် ထပ်မံသတ်မှတ်ထားသဖြင့် ၁၁၆ ခရိုင်အထိ ရှိလာမည် ဖြစ်ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့က လူမှုစာမျက်နှာများတွင် ထွက်ပေါ်လာသည်။

    မွန်ပြည်နယ်တွင် ယခင်က မော်လမြိုင်ခရိုင်နှင့် သထုံခရိုင် ၂ ခုသာရှိပြီး ယခုအခါ ကျိုက်ထိုခရိုင်နှင့် ရေးခရိုင် ၂ ခု ထပ်မံတိုးမြှင့်ကြောင်း စာရင်းတစ်ခုထွက်ဖော်ခဲ့သော်လည်း မွန်သတင်းအဂျင်စီက အတင်ပြုနိုင်ခြင်းမရှိေပ။

    ရေးမြို့နယ်ကို ခရိုင်အဖြစ်တိုးမြှင့်ရန် စီစဥ်နေသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မတိုင်မီ ဦးသိန်းစိန်လက်ထက်ကပင် စီစဥ်ခဲ့ကြောင်း မော်လမြိုင်မှ ရှေ့နေတစ်ဦးက ပြောသည်။

    ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကျင်းပနိုင်ဖွယ်ရှိသည့် အထွေထွေရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုစနစ် (PR)ကို ကျင့်သုံးရန် ခရိုင်များကို တိုးချဲ့သတ်မှတ်ထားကြောင်း နိုင်ငံရေးသုံးသပ်သူအချို့က ဆိုသည်။

    နယ်နိမိတ်တိုင်းတာပိုင်းခြား သတ်မှတ်ရေးဥပဒတွင်  နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ သတ်မှတ်ထားသည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများအတွင်းရှိ ကွင်း၊ အကွက်များ၏ မြေနယ်နိမိတ်များ တိုင်းတာခြင်း၊ သတ်မှတ်ခြင်း၊ ပြင်ဆင်ခြင်း ဆောင်ရွက်နိုင်သည်ဟု ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks