spot_img
Tuesday, February 17, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးလွှတ်တော်မရှိသဖြင့် ၂၀၂၂ ငြိမ်းချမ်းရေးခြေလှမ်းသစ်ထူးခြားမှု ရှိလိမ့်မည်မဟုတ်

    လွှတ်တော်မရှိသဖြင့် ၂၀၂၂ ငြိမ်းချမ်းရေးခြေလှမ်းသစ်ထူးခြားမှု ရှိလိမ့်မည်မဟုတ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၉)

    ယခင် ငြိမ်းချမ်းရေးကော်မရှင်(PC)

    လက်ရှိမြန်မာနိုင်ငံ လွှတ်တော်မရှိသဖြင့်ပါဝင်ရမည့် သက်ဆိုင်ရာ Stakeholder များမစုံလင်သည့်အတွက် ၂၀၂၂ ငြိမ်းချမ်းရေး ခြေလှမ်းသစ်စရန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) နှင့် နစကအစိုးရ တွေ့ဆုံဆွေးနွေးပါက ထူးခြားမှုရှိလိမ့်မည်မဟုတ်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

    မြန်မာစစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချခဲ့ပြီးနောက် အပစ်ရပ်(၁၀)၏ PPST သည် နိုင်ငံရေးဆွေးနွေးမှုများကို (၁)နှစ် ယာယီရပ်ဆိုင်းကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း(သီပေါ) က “အဲဒီ NCA စာချုပ်အရဆိုရင် ဟုတ်တယ်၊ သူတို့ ပြောတဲ့အတိုင်း ပါဝင်ရမယ့် Stakeholder တွေက မစုံလင်ဘူးပေါ့နော်။ မစုံလင်ဘူး။ ဒါကြောင့်မို့လို့ မတွေ့နိုင်ဘူး သူတို့ပြောတာလည်း အကျိုးအကြောင်းရှိနေတော့ တပ်ဘက်ကလည်း ဒီလာမယ့် ၂၀၂၂ မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်တွေ ထူးထူးခြားခြားစမယ်ဆိုတဲ့အခါကြတော့ တစ်ခုခု ထူးထူးခြားခြား ထူးခြားတဲ့ အဆိုပြုမှု တစ်ခုခုမရှိပဲနဲ့တော့ မဖြစ်နိုင်ဘူးထင်တယ်”ဟု ပြောသည်။

    ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် နစက၏ သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် သက်ဆိုင်ရာ အဖွဲ့ အစည်း အားလုံးကို ဖိတ်ခေါ်ကြောင်း၊ PPST နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် နစကမှ ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲဖြင့် စာပို့ ကမ်းလှမ်းထားကြောင်း သိရသည်။

    ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စရပါမယ်။ ကျနော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်း (၅) ချက်ရဲ့ စတုတ္ထအချက်မှာ ဖော်ပြထားပြီးဖြစ်လို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်‌ရေးအတွက် ဆွေးနွေးဖို့ ဖိတ် ခေါ်ပါတယ်။ ထပ်ပြီးပြောရမယ်ဆိုရင် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါ တယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ ကျနော်တို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လာရင် ဖြစ်နိုင်သမျှ လမ်းကြောင်းမှန် များကို လမ်းဖွင့်ထားလျက်ရှိကြောင်း ပြောလိုပါတယ်”ဟု ဆိုသည်။

    သို့ရာတွင် နစက၏ အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းမှုသည် ကောင်းမွန်သော်လည်း သေနတ်သံနှင့်ဗုံးသံများကြားမှာ တော့ အဆင်မပြေသေးကြောင်း PPST ဦး‌ဆောင်မှု (၃) ဦးကော်မတီဝင်  ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

    ၎င်းက “ဆွေးနွေးမှ ရမယ်ဆိုတဲ့ မူကိုတော့ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာ ဆွေးနွေးမလဲဆိုတာတော့ ရှိတာပေါ့။ ဒီဗုံးသံ၊ သေနတ်သံ၊ သတ်ဖြတ်နေတဲ့ အသံတွေ ရက်စက်ကြမ်းကြုတ်မှုတွေကြားမှာတော့ ဖြစ်ပေါ်ဖို့တော့ မလွယ်သေးဘူး။ ဒါကြောင့် ဒီဆွေးနွေးနိုင်မယ့် အခင်းအကျင်း ရေခံမြေခံကတော့ ပြောင်းလဲရမှာပေါ့ဗျာ။ တစ်စုံတစ်ရာ တော့ တည်ငြိမ်မှုလေးရှိမယ်၊ တစ်စုံတစ်ရာ သက်တောင့် သက်သာရှိမှ ဆွေးနွေးလို့ရတာကိုး။ အခုနိုင်ငံရေး အကျပ် အတည်း၊ လူမှုရေး အကျပ်အတည်း၊ အကျပ်အတည်း ပေါင်းစုံရှိနေတဲ့ အချိန်မှာတော့ မလွယ်သေးဘူးပေါ့။ ဒါပေမယ့် နည်းနာတော့ ရှာကြတာ ပေါ့။ အဲဒီသဘောတော့ ရှိပါတယ်။ ဒါကြောင့် နည်းနာရှာတဲ့ အချိန်လို့ ပြောလို့ရပါတယ်” ဟု ပြော သည်။

    မြန်မာစစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်းတိုက်ပွဲများကြောင့် စစ်ဘေး တိမ်းရှောင်နေရသူ ၃ သိန်း ၂ သောင်းကျော် ရှိလာနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (OCHA) က ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး လတ်တလော ပြည်တွင်း စစ်ဘေးရှောင်နေရသူ ၃၂၀,၉၀၀ ဦးခန့်အတွက် လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ဖို့လိုအပ်နေသည်ဟု ဆိုသည်။

    အထူးသဖြင့် ကရင်နှင့် ကယားပြည်နယ်တို့တွင် မြန်မာလေတပ်တပ်က ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းအပြင် မြေပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း တိုင်းရင်းသားသတင်းဌာနများက သတင်းဖော်ပြသည်။  

    တစ်နိုင်ငံလုံးအပစ်အခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၀)ဖွဲ့ ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဦးဆောင်မှုအဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေး ပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ(NMSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့ ပါဝင်သည်။

    နိုင်ငံရေးဆွေးနွေးတယ် ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာဟာ အာဏာကိုင်ထားတဲ့ လူတိုင်းနဲ့ ဆွေးနွေးလို့ မရပါဘူး။ အာဏာကို ကိုင်ထားတယ်၊ အာဏာကို ယူထားတယ်ဆိုတဲ့ လူတိုင်းနဲ့လည်း ဆွေးနွေးလို့မရဘူး။ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရဖြစ်ရမယ်၊ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ လွှတ်တော်ရှိရမယ်၊ အဲတာမှ ကျနော်တို့ ငြိမ်းချမ်းရေးဆွေး‌နွေးတာ နိုင်ငံရေးဆွေးနွေးတာ NCA လမ်းကြောင်းထဲက လုပ်လို့ရမှာ ဖြစ်ပါတယ်။

    အခုဟာက ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ အစိုးရကိုက ဖမ်းဆီးထားတယ်။ နောက်တစ်ခါ လွှတ်တော်လည်း‌ ခေါ်ယူလို့မရပဲ ပယ်ဖျက်ထားတယ်၊ အဲဒီအခြေခံမျိုးမှာ ကျ‌နော်တို့ နိုင်ငံရေးဆွေးနွေးလို့မရဘူး။ ဒါတွေ တစ်ချက်ဖြစ်ပါတယ်”ဟု PNLO ဥက္ကဌ PPST ပြောခွင့်ရ ခွန်မြင့်ထွန်းက ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks