Homeသတင်းမွန်ပြည်နယ်ကိန်းဂဏန်း စာရင်းအင်းဆိုင်ရာအချက်အလက်များ (၂၀၂၀) စာအုပ် မိတ်ဆက်ပွဲ ပြုလုပ်

မွန်ပြည်နယ်ကိန်းဂဏန်း စာရင်းအင်းဆိုင်ရာအချက်အလက်များ (၂၀၂၀) စာအုပ် မိတ်ဆက်ပွဲ ပြုလုပ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန် ၁၉)

မွန်ပြည်နယ်ကိန်းဂဏန်း စာရင်းအင်းဆိုင်ရာအချက်အလက်များ (၂၀၂၀) စာအုပ် မိတ်ဆက်ပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက် ၁၁ နာရီက မော်လမြိုင်မြို့ Hotel KS တွင် ကျင်းပ ပြုလုပ်ခဲ့သည်။



မွန်ပြည်နယ်ကိန်းဂဏန်း စာရင်းအင်းဆိုင်ရာအချက်အလက်များ (၂၀၂၀) စာအုပ်ကို အခန်း ၅ ခန်း ဖြင့် ရေးသားပြုစုထားကြောင်း၊ အခန်း (၁) တွင် မွန်ပြည်နယ် သမိုင်းတစ်လျှောက် ထူးခြားဖြစ်စဉ်များ၊ အခန်း (၂) တွင် မွန်ပြည်နယ် ပထဝီဝင်ဆိုင်ရာ အချက်အလက်များ၊ အခန်း (၃) တွင် မွန်ပြည်နယ် အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးဆိုင်ရာ အချက်အလက်များ၊ အခန်း (၄) တွင် စီးပွားရေးဆိုင်ရာ အချက်အလက်များ နှင့် အခန်း (၅) တွင် မွန်ပြည်နယ် လူမှုရေးဆိုင်ရာအချက်အလက်များ ပါဝင်သည်ဟု ဆိုသည်။ ပရိုဂရမ် မန်နေဂျာ ကိုခန့်စည်သူက “ကျွန်‌တော်တို့မှာ ဒီအားလုံးရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့မှာဆိုရင် စာအုပ်က ထုတ်ပြီးသွားပြီ ထုတ်ပြီးသွားရင် ကျွန်တော်တို့ကြီးပဲ မသိမ်းထားဘူး ပြည်သူလူထုကို စီးပွားရေးသမားတွေ အသုံးချနိုင်တဲ့သူတွေ သိရှိအောင် သိရှိစေချင်တယ်။ အသုံးချစေချင်တယ်။ အဲဒါကြောင့် ဒီစာအုပ်ကို ထုတ်ဝေရခြင်း ဖြစ်တယ်။ ဒီစာအုပ်မှာဆိုရင် အဓိက ကိန်းဂဏန်း စာရင်းအင်းတွေ အများကြီးပါတယ်။ ကိန်းဂဏန်းစာရင်းအင်းတွေက အရမ်းကို အရေးပါတယ်။ ကျွန်တော်တို့ နှိုင်းယှဉ်ပြီး သုံးသပ်လို့ရတယ်။ အချိန်ယူပြီး စဉ်းစားလို့ရတယ်”ဟု ပြောသည်။

မွန်ကြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ၊ လေ့လာနေသူများ အနေဖြင့် အဆိုပါ စာအုပ်ထဲရှိ အချက်အလက်များကို အသုံးချနိုင်ရန် ရည်ရွယ်ကြောင်း NEI မှ ပရိုဂရမ် မန်နေဂျာ ကိုခန့်စည်သူက ပြောသည်။

အဆိုပါ စာအုပ်ကို လေ့လာသုံးသပ်ကာ မိမိတို့ စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်မည်ဟု မျှော်လင့်မိကြောင်း ဆက်ပြောသည်။

စီးပွားလုပ်ငန်းတစ်ခု လုပ်ရာမှာ ဖြစ်စေ၊ လူမှုရေးလုပ်ငန်းလူပ်ရာတွင်ဖြစ်‌စေ အဆိုပါ စာအုပ်မှ ကိန်းဂဏန်းများကို အခြေခံပြီး လုပ်ငန်းတစ်ခု လုပ်မည်ဆိုပါက အထောက်အကူဖြစ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဆက်ပြောသည်။

စာအုပ်၏ အခန်း (၅) နောက်ဆုံးအခန်းတွင် လူမှုရေးအဖွဲ့အစည်းများနှင့် ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်များ ထည့်သွင်းပေးထားခြင်းသည် အလွန်ကောင်းသည်ဟု စာအုပ်မိတ်ဆက်ပွဲ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ စာအုပ်မိတ်ဆက်ပွဲကို မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးအသင်းအဖွဲ့များ၊ ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ INGO၊ NGO၊ CSOs အဖွဲ့များ၊ သင်ကြားရေးစင်တာများ၊ စီးပွားရေးနယ်ပယ်မှ သုတေသီများ နှင့် လေ့လာသူ စုစုပေါင်း ၇၅ ဦးခန့် တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts