spot_img
Wednesday, January 28, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးထောင် ၂ နှစ်ချခံထားရသည့် ဒေါက်တာအေးဇံကို အဂတိမှု ၉ မှု ဆက်လက်စစ်ဆေး

    ထောင် ၂ နှစ်ချခံထားရသည့် ဒေါက်တာအေးဇံကို အဂတိမှု ၉ မှု ဆက်လက်စစ်ဆေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၁၁)

    လက်ရှိတွင် ကျိုက်မရောအကျဥ်းထောင်၌ ထောင်ဒဏ် ၂ နှစ်ကျမှတ်ခံထားရသော မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စွဲဆိုထားသော အဂတိမှု ၉ မှုအတွက် ဇန်နဝါရီ ၁၀ ရက်က ရုံးထုတ်စစ်‌ဆေးခဲ့ကြောင်း နီးစပ်သူများမှ သိရသည်။

    အဂတိမှုများကို ပြန်လည်ခုခံရန် ယခင် ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံတာဝန်ယူခဲ့သည့် အစိုးရအဖွဲ့ စာရွက်စာတမ်းများကို လာရောက်တင်ပြပေးရန် အတွက် တရားရုံတော်က ဆင့်ခေါ်စာ (သမ္မန်စာ) ထုတ်ပေးရန် ရုံးချိန်းတွင် ဒေါက်တာအေးဇံ၏ ရှေ့နေအဖွဲ့က တင်ပြခဲ့ကြောင်း သိရသည်။

    သို့ရာတွင် တရားသူကြီးက အမှု ၉ မှုအနက် ၂ မှုကို ပယ်ချပြီး ကျန်သည့် ၇ မှုအတွက် လာမည့် ရုံးချိန်းတွင် ဆင့်ခေါ်စာ ထုတ်ပေး၊ မပေး အမိန့်ချသွားမည်ဖြစ်ကြောင်း သိရသည်။

    ပယ်ချခံရသည့် အမှု ၂ မှုကို စစ်ဆေးမေးမြန်းရာတွင်လည်း ဒေါက်တာအေးဇံက ၎င်းတွင် အပြစ်ရှိသည်ဟုမဆိုကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။

    ထို့ပြင် ရွေးကောက်ပွဲမလျော်ဩဇာသုံးသည်ဟုဆိုကာ ၄င်းသည်အမှု ၃ မှု ထပ်မံစွဲဆိုခံထားရပြီး လက်ရှိအဂတိမှု ၉ မှုအပြင် စုစုပေါင်း ၁၂ မှုကို တရားရင်ဆိုင်နေရသူဖြစ်သည်။

    လက်ရှိတွင် ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရပြီး ကျိုက်မရောဗဟိုအကျဉ်းထောင်၌ ထားရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks