Homeသတင်းဖုန်းဆင်းကတ်အသစ်တစ်ခုကို စတင်သုံးမည်ဆိုပါက ငွေကျပ် နှစ်သောင်း ကုန်သွယ်ခွန်ပေးရမည်

ဖုန်းဆင်းကတ်အသစ်တစ်ခုကို စတင်သုံးမည်ဆိုပါက ငွေကျပ် နှစ်သောင်း ကုန်သွယ်ခွန်ပေးရမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဇန်နဝါရီ ၇)

ဖုန်းဆင်းကတ်အသစ်တစ်ခုကို စတင်သုံးစွဲမည်ဆိုပါက ငွေကျပ် နှစ်သောင်း ကုန်သွယ်ခွန်ပေးရမည် ဥပ‌ဒေကို ဇန်နဝါရီ ၆ ရက်က ကြေငြာပြဌာန်းလိုက်သည့်အတွက် ဆင်းကတ်ရောင်းချခြင်းနှင့် စတင်အသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်ပေးသောဝန်ဆောင်မှုအပေါ်တွင် ဆင်းကတ်တစ်ခုကို ကျပ်နှစ်သောင်းကုန်သွယ်ခွန်ပေးရမည် ဖြစ်သည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်ပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဥပဒေပြဌာန်းလိုက်ကြောင်း၊ ၂၀၂၁ ခုနှစ် ပြည်ထောင်စု အခွန်ကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေဟု ခေါ်တွင်ရမည်ဖြစ်ကြောင်း ပါဝင်သည်။

အင်တာနက်သုံးစွဲမှုများ နှင့် ဆက်သွယ်ရေးကွန်ရက်ကို ကန့်သတ်လိုသည့်အတွက် ပြဌာန်းလိုက်သည်ဟု ယူဆမိကြောင်း မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက ပြောသည်။

“ကျွန်တော့အမြင်ပြောရရင် အကုန်ကန့်သတ်ခံရတယ်လို့မြင်တယ်။ အခုဆိုလည်း အင်တာနက်တွေကို ကန့်သတ်မှုတစ်ခုဖြစ်အောင် ဈေးနှုန်းတွေ မြင့်တယ်။ ဆက်သွယ်ရေးကွန်ရက်တစ်ခုကိုလည်း အခွန်ပေးရမယ်ဆိုပြီး ပြဌာန်းလိုက်ပြန်ပြီ”ဟု ၄င်းကပြောသည်။

နိုင်ငံဝင်ငွေတိုးတက်လာမည့်အပြင် အင်တာနက် အလွန်အကျွံသုံးစွဲမှုကြောင့် ပြည်သူများ၏ အလုပ်အကိုင် ထိခိုက်မှုများ၊ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုလည်း လျော့ကျနိုင်ရန် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှ လူငယ်တစ်ဦးက “အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေကို ကုန်သွယ်ခွန် ၁၅ ရာခိုင်နှုန်းလို့ ပြောတယ်။ အခုက အင်တာနက်သုံးစွဲမှုကိုပဲ ဦးတည်ပြီး ပြဌာန်းနေသလိုဖြစ်နေတယ်။ အင်တာနက်ကိုတော့ အလုပ်အကိုင်ပျက်တဲ့ထိ ဘယ်သူမှ မသုံးကြပါဘူး။ လိုင်းပေါ်မှာ ဈေးရောင်းကြလို့ စီးပွားတောင်ဖြစ်နေပါသေးတယ်”ဟု ပြောသည်။ အဆိုပါ ကုန်သွယ်ခွန် ဥပဒေကို ဇန်မဝါရီလ ၈ ရက် မှ မတ်လ ၁၃ ရက်အထိ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မည်သိုပင် ပါရှိစေကာမူ အဆိုပါ ကုန်သွယ်ခွန် ဥပဒေကို ပေးဆောင်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများမှ ရရှိသော ရငွေအပေါ်  ၁၅ ရာခိုင်နှုန်းကိုလည်း ကုန်သွယ်ခွန်ခ ကျသင့်စေရန် ဖော်ပြထားသည်။


ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts