Wednesday, March 11, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဖမ်းဆီးခံရသည့် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားတို့ကို ပြန်လွှတ်

    ဖမ်းဆီးခံရသည့် ဒေါက်တာအေးဇံ၏ ဇနီးနှင့်သားတို့ကို ပြန်လွှတ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၅)

    ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက် ညပိုင်းက ပစ်ခတ် ဖမ်းဆီးခံရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ၏ ဇနီးနှင့် သားဖြစ်သူတို့ကို ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

    ဒေါက်တာ‌အေးဇံ၏ ဇနီးဒေါ်ခင်အေးမူ နှင့် သားဖြစ်သူ ကိုနေဖြိုးဇံတို့ကို ကျိုက်ထိုမြိုနယ်၊ ဘူတာလမ်းရှိ နေအိမ်ကို သက်ဆိုင်ရာက လာရောက် ပို့ဆောင်သွားခြင်း ဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

    “လာဖမ်းတုန်းကလည်း ဘာကြောင့်ဆိုတာတော့ မပြောဘူး။ အင်အားနဲ့ ဝင်လာပြီး ဖမ်းသွားတယ်။ အခု ဒီမနက်ကတော့ သူတို့ကားနဲ့ပဲ ဘူတာလမ်းအိမ်ကို လာပို့သွားတယ်”ဟု ပြောသည်။

    ကျိုက်ထိုမြိုနယ်၊ သိပ်ဇရပ်မြို့အပိုင် သုံးခွကျေးရွာ က ၎င်းတို့၏ နေအိမ်တွင် မြန်မာစစ်တပ်က လာရောက်ဖမ်းဆီးစဥ် သေနတ်ပစ်ခတ် ဖမ်းဆီးမှုကြောင့် ဒေါ်ခင်အေးမူ လက်မောင်းဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    ဒေါက်တာအေးဇံကို  ကျိုက်မရောအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ပြီးခဲ့သည့် ဒီဇင်ဘာလက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်ထားပြီး အဂတိမှု ၉မှု ဖြင့် အမှုဖွင့်ထားသည့် အပြင် ရွေးကောက်ပွဲအတွင်း မလျော်ဩဇာသုံးသည် ဆိုသော စွပ်စွဲချက်ဖြင့်အမှု ၃ မှု ထပ်တိုး၍ တရားစွဲဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks