spot_img
Thursday, January 16, 2025
More
    spot_img
    Homeငြိမ်းချမ်းရေးNCA ဆိုတာက Join Ownership နှစ်ဖက်က ပိုင်ဆိုင်တဲ့ စာချုပ်ဖြစ်ပါတယ်- ခွန်မြင့်ထွန်း အင်တာဗျူး

    NCA ဆိုတာက Join Ownership နှစ်ဖက်က ပိုင်ဆိုင်တဲ့ စာချုပ်ဖြစ်ပါတယ်- ခွန်မြင့်ထွန်း အင်တာဗျူး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဇန်နဝါရီ ၃)

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် သဘောတူ စာချုပ်ပါ ကတိကဝတ်များကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် မိမိ လက်အောက်ခံအဖွဲ့အစည်းများအပေါ်တွင်လည်း စာချုပ်ပါစည်းကမ်းများ လိုက်နာစေရေး ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်းနှင့် စာချုပ်ပါစည်းကမ်းများကိုကျူးလွန် ချိုးဖောက်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်စစ်ဦးစီးချုပ်ရုံးက ဒီဇင်ဘာ ၃၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည့်အပေါ်  အမြင်သဘောထားကို NCA လက်မှတ်ထိုး ၁၀ ဖွဲ့တို့၏ PPST ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်မှုအဖွဲ့ ပြောခွင့်ရ ခွန်မြင့်ထွန်းအား ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    မေး။ စစ်တပ်က NCA လက်မှတ်ရေးထိုးထားတဲ့ EAO တွေ NCAရဲ့ ကတိကဝတ်တွေ လိုက်နာဖို့ ပြောတယ်။ အဲတာနဲ့ ပတ်သက်ပြီး PPSTရဲ့ သဘောထားက ဘယ်လိုရှိလဲ။

    ဖြေ။ ကျနော်တို့ကတော့ ဒီ NCA ဆိုတာက Join Ownership နှစ်ဖက် (တိုင်းရင်းသားလက်နက်ကိုင်တဖက်၊ အစိုးရ+တပ်မတော်တဖက်) က ပိုင်ဆိုင်တဲ့ စာချုပ်ဖြစ်ပါတယ်။ NCA စာချုပ်ဆိုတာ ဗမာပြည်သမိုင်းမှာ ပြောရမယ်ဆိုရင်တော့ တစ်ယောက်ကို တစ်ယောက်ပေါ့။ တစ်ဖက်နဲ့ တစ်ဖက် လည်ပင်းမညှစ်ပဲနဲ့ အကျပ်ကိုင်တာ ခြိမ်း‌ခြောက်တာ မဟုတ်ဘဲနဲ့ အကြေအလည်ညှိနှိုင်းဆွေးနွေးတဲ့ စာချုပ်ဖြစ်ပါတယ်။ ဗမာပြည်သမိုင်းမှာ နှစ်ခုရှိပါတယ်။ တစ်ခုက လွတ်လပ်ရေးမတိုင်ခင်က ရရှိခဲ့တဲ့ ပင်လုံစာချုပ်ဖြစ်ပြီးတော့ နောက်တစ်ခုကတော့ လွတ်လပ်ရေးရပြီး နှစ် (၇၀) ကျော်ကြာမှ ရတဲ့ NCA စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်နှစ်ခုမှာ ရယူခဲ့ကြတာကတော့ Join Ownership ပေါ့်နော်။ နှစ်ဖက်ပိုင်ဆိုင်တဲ့ စာချုပ်တွေရခဲ့တယ်။ နောက်တစ်ခုက ကျ‌နော်တို့ အကြေအလည်ဆွေးနွေးပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် အကျပ်ကိုင် ခြိမ်းခြောက်တာ မပါဘဲနဲ့ ချုပ်ဆိုနိုင်ခဲ့တဲ့ စာချုပ်တွေ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီစာချုပ်က တစ်ယောက်ယောက်၊ တစ်ဖက်ဖက်က ပိုင်ပြီးတော့ အခြားတစ်ဖက်ကို လိုက်နာခိုင်းတဲ့ စာချုပ်မျိုး မဟုတ်ပါဘူး။ ဒီစာချုပ်ကို တပ်မတော်က ပိုင်ပြီးတော့ ကျနော်တို့တွေ့က လိုက်နာရမယ့် စာချုပ်မျိုးမဟုတ်ပါဘူး။ နှစ်ဖက် Join Ownership ဖြစ်ပါတယ်။ နှစ်ဖက်ပိုင်ဆိုင်တဲ့ စာချုပ် အစိုးရလွှတ်တော်၊ တပ်မတော် ဒါဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြောကြမယ်ဆိုရင် ပြောစရာတွေက အများကြီးရှိကြမယ်လေ။ ဒါကတော့ စစ်ကောင်စီရဲ့ သဘောထားကို သူ့ဟာသူ ထုတ်ပြန်တာ ဖြစ်ပါတယ်။ အဲလိုပဲ ပြောရမှာ ဖြစ်ပါတယ်။

    မေး။ ထုတ်ပြန်ချက်မှာ ဖေဖော်ဝါရီ (၁) ရက်နောက်ပိုင်း မြို့ကြီးတွေမှာ ဆူပူမှုတွေ ဖောက်ခွဲမှုတွေ လုပ်ဖို့ဆိုပြီးတော့ KNU တပ်မဟာ အချို့က သင်တန်းပေးတယ်။ လက်နက်တွေ ပို့တယ်ဆိုပြီးလည်း စွပ်စွဲထားလို့ပါ။

    ဖြေ။ ကျနော်တို့ကတော့ အဲဒီအချက်တွေ အချက်ချင်းအလိုက်တွေအပေါ်မှာတော့ လိုက်ပြီးတော့ ပြောဖို့၊ ဖြေရှင်းဖို့တွေလည်း မရှိပါဘူး။ အဓိကတော့ ကျနော်တို့ NCA စာချုပ်နဲ့ ပတ်သက်ခဲ့ရင် ကျနော်တို့ PPST ရဲ့ သဘောထားကတော့ ဒီ NCA စာချုပ်ကို အကောင်အထည်ဖော်တဲ့ အခါမှာ အဓိက နိုင်ငံရေးဆွေးနွေးမှုရယ်၊ နောက်တစ်ခါ ဒီအပစ်အခတ်ရပ်စဲရေးအပိုင်းနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ အပိုင်းပေါ့နော်။ ဒီနှစ်ခုက အဓိက ကျပါတယ်။ အခုကနော်တို့ကတော့ စစ်ကောင်စီက ဒီအာဏာသိမ်းလိုက်တာသည် NCA ရဲ့ အနှစ်သာရကို ချိုးဖောက်လိုက်တာဖြစ်တယ်။ NCA ရဲ့ အနှစ်သာရဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရှင်းမယ်ဆိုတဲ့ NCA ရဲ့ အနှစ်သာရကို ချိုးဖောက်ပြီးတော့ စစ်ကောင်စီက အာဏာသိမ်းခဲ့တယ်။ အင်အားသုံးပြီးတော့ ဖြေရှင်းခဲ့တယ်။ ဒါအာဏာသိမ်းတယ်ဆိုတာ အင်အားသုံးပြီး ဖြေရှင်းတာကိုး အဲလိုဖြေရှင်းခဲ့တဲ့အတွက် ကျနော်တို့က စစ်ကောင်စီနဲ့ ကျနော်တို့ NCA မူဘောင်ထဲက နိုင်ငံရေးကိစ္စတွေ မဆွေးနွေးဘူးဆိုတဲ့ သဘောထားကိုတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကတည်းက စပြီးအာဏာသိမ်းပြီးကတည်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါက နိုင်ငံရေးဆွေးနွေးမှုအပိုင်းနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ သဘောထား။ အဲတာ ဘာကြောင့်လဲဆို‌တော့ NCA ရဲ့ ပြဌာန်းချက်အရ ပြောရမယ်ဆိုလို့ရှိရင် အာဏာကို ရယူထားတယ်ဆိုတဲ့ လူတိုင်းနဲ့ နိုင်ငံရေးညှိနှိုင်းဆွေးနွေးလို့ မရပါဘူး။ ထိုနည်းတူပဲ အစိုးရအဖွဲ့ဆိုတဲ့ လူတိုင်းနဲ့ ငြိမ်းချမ်းရေးတွေ နိုင်ငံရေးတွေ ဆွေးနွေးလို့ မရပါဘူး။ ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရတွေ၊ ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားတဲ့ နိုင်ငံရေး လွှတ်တော်တွေ ရှိမှ နိုင်ငံရေးဆွေးနွေးလို့ရတာဖြစ်ပါတယ်။ အဲတာကြောင့် ပထမတစ်ချက်က ဒီ NCA မူဘောင်ထဲကနေပြီးတော့ နိုင်ငံရေးဆွေးနွေးမယ့်ကိစ္စတွေ စစ်ကောင်စီနဲ့ ကျနော်တို့ မဆွေးနွေးဘူးဆိုတဲ့ သဘောထားတွေ ထုတ်ပြန်ခဲ့တာနောက်တစ်ခုကတော့ ဒီ NCA ထဲမှာ ကျနော်တို့ ထည့်သွင်းပြီးတော့ ရေးထားတာ မရှိပေမယ်လို့ အဲဒီကာလတုန်းက NCA အခြေခံ အချက် (၁၁) ချက်ရှိပါတယ်။ အဲတာက ဘာလဲဆိုလို့ရှိရင် သမ္မတရဲ့ အထူးကိုယ်စားလှယ် ဦးအောင်မင်းတို့ရော ကျ‌နော်တို့ရော ပြည်သူလူထုကို ကြိမ်ဖန်များစွာပြောခဲ့ပြီး ပန်ကြားခဲ့တာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်ဖို့ဆိုရင် နိုင်ငံရေး ဆွေးနွေးတာတွေ အောင်မြင်ဖို့ဆိုရင် ပြည်သူလူထုပါဝင်ရမယ်။ ပြည်သူလူထုက ပါဝင်ပေးကြပါလို့ ကျနော်တို့က တောင်းဆိုခဲ့တယ်။ ငြိမ်းချမ်‌ရေးဆွေး‌နွေးတာ၊ နိုင်ငံရေးဆွေးနွေးတာ ပြည်သူလူထုမပါပဲနဲ့ မအောင်မြင်နိုင်ဘူး။ ဒီအချက်ကလည်း အချက်တစ်ချက်ဖြစ်ပါတယ်။ ယနေ့အခြေအနေမှာက‌တော့ ကျ‌နော်တို့ စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု၊ နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပြည်သူလူထုရဲ့ သဘောထားကလည်း ဆရာတို့ အသိဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီ NCA အကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံရေးဆွေးနွေးမှု ဆိုတဲ့နေရာမှာ နိုင်ငံရေးအခင်းအကျင်းအသစ်တွေ Stakeholders အသစ်တွေ ပေါ်လာရပါတယ်။ ပေါ်လာတော့ ကျနော်တို့ အနေနဲ့က PPST အနေနဲ့က NCA ရဲ့ အနှစ်သာရတွေကို ကျနော်တို့ ကိုင်ဆွဲထားတယ်။ NCA အတိုင်းအကောင်အထည်ဖော်ဖို့ကတော့ ကျနော်တို့ စစ်ကောင်စီ အာဏာသိမ်းလိုက်တဲ့ အချိန်ကစပြီးတော့ အကောင်အထည်ဖော်ဖို့ အင်မတန် အားနည်းသွားပြီဆိုပြီး သဘောထား ရှိပါတယ်။ ဒါတစ်ခုပေါ့နော်။ နိုင်ငံရေးဆွေးနွေးတဲ့အပိုင်း၊ နောက်တစ်ခုကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ အရပ်သားကာကွယ်ပေးခြင်းကိစ္စနဲ့ ပတ်သက်ရင်တော့ ဒီ NCA ရဲ့ အနှစ်သာရကို ရယူထားတာကတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောက့်ရှောက်ရမယ်ဆိုတဲ့ဟာကို နှစ်ဖက်သဘောတူထားပါတယ်။ အဲတော့ ဒီနေ့ စစ်ကောင်စီရဲ့ တပ်တွေ အနေနဲ့က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကပါ တုန်တုန် လှုပ်လှုပ် ချောက်ချောက်ခြားခြား ဖြစ်ရတဲ့အထိ ဒီကနေ့ ကျနော်တို့ ပြည်သူလူထုအပေါ်မှာ ရန်သူလို့ စစ်ခင်းနေတယ်။ ပြည်သူလူထုအပေါ် မီးရှို့သတ်ဖြတ်နေတာ အပါအဝင် နေရာပေါင်းစုံမှာ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတယ်။ အဲတော့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကျ‌နော်တို့ ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ နှစ်ဖက် သဘောတူညီချက်တွေကို စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေက ချိုးဖောက်နေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီ NCA အတိုင်းကို စစ်ကောင်စီအနေနဲ့ အတိအကျလိုက်နာချင်တယ်ဆိုရင်တော့ NCA မှာ ပြဌာန်းချက်အတိုင်း လိုက်နာမယ်ဆိုရင်တော့ ဒီကနေ့ ပြည်သူလူထုအပေါ် ရန်သူလို့ သတ်မှတ်ပြီး စစ်ခင်းနေတာတွေ၊ အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းနေတာတွေ ချက်ချင်းရပ်တန့်ဖို့ လိုပါတယ်။

    မေး။ လေးကေ့ကော်ကိစ္စရောဆရာ စစ်တပ်က အကြမ်းဖက်အဖွဲ့အစည်းကို လက်ခံလို့ဆိုပြီးစွပ်စွဲတယ်။ တစ်ဖက်ကတော့ လူသားချင်းစာနာထောက်ထားမှုအရ ကူညီတာဆိုပြီးပြောတယ်။ ဒီအပေါ်မှာ ဘယ်လိုညှိနှိုင်းဖို့ရှိလဲ။

    ဖြေ။ အဲဒီလေးကေ့ကော်ကိစ္စနဲ့ ပတ်သက်ရင် ကျနော်တို့  PPST ကတော့ ပြီးခဲ့တဲ့ ၂၂ ရက်နေ့က နှစ်ဖက်ကို ပန်ကြားခဲ့တာပေါ့။ အဲဒီကိစ္စနဲ့ ပတ်သက်ရင်တော့ စစ်ကောင်စီကတော့ တွေ့ဆုံဆွေ‌နွေးဖို့ ရှိပါတယ်လို့ ပြောတယ်။ KNU ဘက်ကတော့ ခေါင်းအေးအေးထားပြီးတော့ ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့ အဲလိုအကြောင်းပြန်ပါတယ်။

    (ပြီး)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,100SubscribersSubscribe
    spot_img

    Latest posts