HomeCovid 19ရော်ဘာခြံများတွင် အလုပ်သမား အခက်အခဲရှိသောကြောင့် အစေးမခြစ်နိုင်

ရော်ဘာခြံများတွင် အလုပ်သမား အခက်အခဲရှိသောကြောင့် အစေးမခြစ်နိုင်

-


မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၄)

မွန်ပြည်နယ် ရော်ဘာခြံများတွင် လတ်တလော အလုပ်သမား အခက်အခဲရှိနေသောကြောင့် အချိန်မီအစေးမခြစ်နိုင်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ဧရာဝတီတိုင်း နှင့် ပဲခူးတိုင်းမှ ရွေ့ပြောင်းအလုပ်သမားများ လာရောက်လုပ်ကိုင်လေ့ရှိသော်လည်း လက်ရှိတွင် ကိုဗစ်ရောဂါ ဖြစ်ပွားနေခြင်း၊ နိုင်ငံရေးမတည်ငြိမ်သောကြောင့် သွားလာရခက်ခဲခြင်းကြောင့် အခက်အခဲရှိနေကြောင်း ရော်ဘာလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

” ကျွန်တော်တို့မှာ ရော်ဘာလုပ်ငန်းလုပ်တယ်။ ကျွန်တော်တို့နယ်တွေမှာကတော့ ရွေ့ပြောင်းလုပ်သမားတွေပြသာနာပေါ့လေ။  ဧရာဝတီတို့၊ ပဲခူးတို့ဘက်က သွားလာရေး မရတဲ့အခါ  အခက်အခဲတော့ ရှိတယ်ပေါ့လေ”ဟု ၎င်းက ပြောသည်။

ယင်းသို့ အစေးခြစ် အလုပ်သမားများ မရှိသောကြောင့် ရာဘာအထွက်နှုန်းလည်း ကျဆင်းလာကြောင်း ဆက်ပြောသည်။

အလုပ်သမားအခက်အခဲကြောင့် တစ်ချို့သည် ရော်ဘာပင်များကို ခုတ်လှဲကာ ဖြတ်ပိုင်းရောင်းချနေကြကြောင်း မုဒုံမြို့နယ်က ရော်ဘာခြံပိုင်ရှင်တစ်ဦးက ပြောသည်။

“ရော်ဘာအစေးခြစ်မယ့်သူက မရှိဘူး။ လာလည်း မလာကြဘူး။ ကိုယ်တိုင်လုပ်တာပေါ့။ ကိုယ်တိုင်လုပ်ကြည့်သေးတယ်။ ဒါပေမယ့် ကြာရှည် မလုပ်နိုင်ဘူးလေ။ အဲဒါကြောင့် အပင် ခုတ်ရောင်းတယ်။ တစ်ချို့ဆို ခြံပါ ပိတ်ထားကြတယ်”ဟု ၎င်းက ပြောသည်။


လက်ရှိတွင် RSS1 တစ်ပေါင် ငွေကျပ် ၉၈၀ မှ ၁၀၅၀ ကျပ်ထိ ပေါက်ဈေးရှိကြောင်း ရာဘာအဝယ်ဒိုင်များတွင် စျေးဖွင့်ထားသည်။

မွန်ပြည်နယ်အတွင်း ရော်ဘာ ခြံ ဧက ငါးသိန်းကျော်ရှိပြီး ပိတ်သိမ်းသွားသည့် ခြံဧက နှစ်သိန်း နီးပါး ရှိကြောင်း ရာဘာလုပ်ငန်းရှင်အသင်းမှ သိရသည်။




ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts