spot_img
Thursday, February 26, 2026
More
    spot_img
    HomeCovid 19ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူး တစ်သိန်းကျော် ဝင်ရောက်

    ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူး တစ်သိန်းကျော် ဝင်ရောက်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၂)

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပြန်ဖွင့်သည့် အချိန်မှ ဒီဇင်ဘာ ၂၁ ရက်ထိ ဘုရားဖူး ဧည့်သည် တစ်သိန်းနှစ်‌သောင်းနီးပါး လာရောက်ကြောင်း သိရသည်။

    ကျိုက်ထီးရိုးတောင်တော်ပြန်လည်ဖွင့်လှစ်သည့် စက်တင်ဘာလမှ ဒီဇင်လ ယခုအချိန်ထိ ခရီးသည် ဝင်ရောက်မှု တစ်သိန်းနှစ်သောင်းကျော်ခန့် ရှိပြီဖြစ်ကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှ ဘုရားဖူး ဧည့်သည် ဦးရေ ၁၅၀၀ကျော် ဝင်ရောက်နေကြောင်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ ဦးစိုးလှက ပြောသည်။

    “အစ ပထမ ဖွင့်ဖွင့်ချင်းတုန်းကတော့ နည်းနည်းလေး လူတွေက တန့်နေတာပေါ့။ နောက်တော့ ပုံမှန်အားဖြင့်ဆို တစ်နေ့ကို ၁၄၀၀၊ ၁၅၀၀ နဲ့ ၂၀၀၀ကြား ရှိတယ်။ အထူး သဖြင့် စနေနေ့ပေါ့ စနေနေ့ဆို ၃၀၀၀ ပတ်ဝန်းကျင်လောက်လာတယ်”ဟု ဦးစိုးလှက ပြောသည်။

    လာမည့် ခရစ်စမတ်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီး လုံခြုံရေး နှင့် ကျန်းမာရေးအတွက်လည်း အဆင်ပြေစေရန်ဆောင်ရွက်ထားပြီဖြစ်ကြောင်း၊ ကျိုက်ထီးရိုးတောင်ပေါ်သို့ တက်ရောက်နိုင်ရန်အတွက် ကားအစီးရေ ၁၅၀ စီးကို ပြင်ဆင်ထားပြီး ခရီးသည်များကို ပို့ဆောင်ပေးနေကြောင်း ၄င်းက ဆက်ပြောသည်။


    ဘုရားဖူးဧည့်သည်တစ်ဦးက “အမတို့သွားတာတော့ အဆင်ပြေတယ်။ အရမ်းလည်း တိုးကြိတ်မနေဘူး။ ဘုရားလာဖူးတဲ့လူတွေလည်း များတယ်။ ရှိလည်းရှိတယ်။ ဒါပေမယ့် ကျပ်ညှပ်မနေဘူး။ သွားလာရတာ ကားစီးရတာလည်း အဆင်ပြေတယ်”ဟု ပြောသည်။

    ထို့ပြင် ကိုဗစ်စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်ပေးနေပြီး တည်းခိုခန်း၊ ဟိုတယ်များကိုလည်း ကိုဗစ်စည်းကမ်းနှင့် အညီ ဆောင်ရွက်ထားကြောင်း၊  ကိုယ်ပူချိန်တိုင်းခြင်း၊ ကိုဗစ်ဆေးထိုးပြီးကြောင်း စာရွက်တောင်းယူကြည့်ရှုခြင်းများ ပြုလုပ်ကြောင်း ဆက်ပြောသည်။

    ယခင်နှစ်များတွင် ကျိုက်ထီးရိုးတောင်တော်သို့ နှစ်တိုင်း ပြည်တွင်း ပြည်ပ ခရီးသွား ငါးသိန်းကျော် ဝင်ရောက်လေ့ရှိကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks