spot_img
Thursday, February 26, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးထောင် ၂ နှစ်ချမှတ်ခံထားရသည့် ဒေါက်တာအေးဇံကို နောက်ထပ် ၃ မှုတိုးပြီးတရားထပ်စွဲ စုစုပေါင်း ၁၃ မှုတရားရင်ဆိုင်ရ

    ထောင် ၂ နှစ်ချမှတ်ခံထားရသည့် ဒေါက်တာအေးဇံကို နောက်ထပ် ၃ မှုတိုးပြီးတရားထပ်စွဲ စုစုပေါင်း ၁၃ မှုတရားရင်ဆိုင်ရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၂၁)



    မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ‌အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီးနောက် နောက်ထပ် အမှု ၃ မှုထပ်တိုး၍ တရားစွဲဆိုထားသဖြင့်  ဖမ်းဆီးထိန်းသိမ်းထားသည့်အချိန်မှ လက်ရှိအချိန်အထိ အမှုပေါင်း ၁၃ မှု တရားရင်ဆိုင်နေရကြောင်း သိရသည်။

    အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်ပါဝင်ပေးရန် တိုက်တွန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဒေါက်တာအေးဇံကို‌ ကျိုက်မရောထောင် အထူးတရားရုံးက ဒီဇင်ဘာ ၂၀ ရက်တွင် ပုဒ်မ ၅၀၅ (ခ) အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားပြီးဖြစ်သည်။


    ရွေးကောက်ပွဲတွင် မလျော်ဩဇာ အသုံးပြုခြင်း၊ ရွေးကောက်ပွဲအတွင်း မသမာမှုပြုလုပ်ခဲ့ခြင်း စသည့် စွပ်စွဲချက်များဖြင့် ‌ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)၊ ပုဒ်မ ၁၇၁(စ) အပါအဝင် ဒေါက်တာအေးဇံကို အမှုထပ်တိုး၍ တရားစွဲဆိုခြင်း ဖြစ်သည်ဟု ၄င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

    ထို့ပြင် ပုဒ်မ ၅၀၅(က) အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့်လည်း ဒေါက်တာအေးဇံကို အမူ ၉ မှုဖွင့်ထားပြီး တရားလိုပြသက်သေများကို စစ်ဆေးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

    အလားတူ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့် ထောင်ဒဏ် (၇၇) နှစ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင် ထောင်ဒဏ် (၁၁) နှစ်၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် ထောင်ဒဏ် (၄) နှစ်၊ မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာအောင်မိုးညို ထောင်ဒဏ် (၂) နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင် ထောင်ဒဏ် ၂ နှစ်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု ထောင်ဒဏ် (၂) နှစ် အသီးသီးချမှတ်ခံထားရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks