spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းခရီးသွားဝင်ရောက်မှု မရှိသောကြောင့် မွန်ပြည်နယ်လက်မှုလုပ်ငန်းများ ဝယ်ယူသူနည်းပါး

    ခရီးသွားဝင်ရောက်မှု မရှိသောကြောင့် မွန်ပြည်နယ်လက်မှုလုပ်ငန်းများ ဝယ်ယူသူနည်းပါး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၆)

    မွန်ပြည်နယ်အတွင်း ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု မရှိသောကြောင့် လက်မှုလုပ်ငန်းများ အရောင်းအဝယ် မရှိဖြစ်နေကြောင်း လက်မှုလုပ်ငန်းရှင်များထံက သိရသည်။

    ကိုဗစ်ပထမလှိုင်း စတင်ဖြစ်ပွားသည့် အချိန်မှ လက်ရှိအချိန်ထိ ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးတံအပါအဝင် လက်မှုလုပ်ငန်းများ တစ်နှစ်ကျော် ရပ်နားခဲ့ရကြောင်း ချောင်းဆုံမြို့နယ်မှ ဆေးတံလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

    “ကျွန်တော်တို့ဆီမှာ လုပ်ငန်းတွေ ပိတ်ထားတာ တစ်နှစ်ကျော်နေပြီ။ ကိုဗစ်စဖြစ်ထဲက ခရီးသွားဝင်ရောက်မှုမှ မရှိတာ။ ဒီနှစ်တော့ ပြန်ဖွင့်ထားတယ်။  ဆိုင်ကယ်နဲ့ လာလည်တဲ့ သူတွေကတော့ တစ်ခုစ နှစ်ခုစတော့ ဝယ်တာပေါ့။ အဲလောက်ပဲ ရှိတယ်။ ဘုရားဖူးကားတွေတော့ မဝင်တာကြာပြီ”ဟု ၎င်းက ပြောသည်။

    ခရီးသွားဝင်‌ရောက်မှု မရှိသည့်အပြင် ပြည်တွင်းတင်ပို့ ရောင်းချရာတွင်လည်း  မှာယူမှုမရှိသောကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း ဆက်ပြောသည်။

    အလားတူ တစ်နိုင်တစ်ပိုင် ဝါးလက်မှုလုပ်ငန်းများလည်း ခရီးသွားဝင်ရောက်မှု မရှိသောကြောင့် အရောင်းအဝယ် မရှိဖြစ်နေကြောင်း၊ တစ်ချို့ လုပ်ငန်းရှင်များသည် လုပ်ငန်းပိတ်သိမ်းကာ အဆင်ပြေနိုင်မည့် လုပ်ငန်းတစ်ခုကို ပြောင်းလဲလုပ်ကိုင်နေကြကြောင်း သိရသည်။

    ကျိုက်ထိုမြို့နယ်မှ လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့ လုပ်ငန်းက ခရီးသွားတွေကို အဓိက ထားရောင်းနေရတာပေါ့။ ခရီးသွားတွေကို မှီခိုနေရတာပါ။ ကိုဗစ်ကြောင့် ခရီးသွားတွေမဝင်တော့ဘူး။ နောက်ပြီးတော့ နိုင်ငံရေးပါ မတည်ငြိမ်လာတော့ ခရီးသွားတွေက မရှိတော့ဘူးလေ”ဟု ပြောသည်။

    နိုင်ငံရေးမတည်ငြိမ်မှု နှင့် ကိုဗစ်ရောဂါအခြေအနေကြောင့် မွန်ပြည်နယ်အတွင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှုအခြေအနေ ၉၀ ရာခိုင်နှုန်းနီးပါးအထိ ကျဆင်းသွားကြောင်း မွန်ပြည်နယ်ဟော်တယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks