Friday, March 20, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမြဝတီမြို့ လေးကေကော်တွင် လွှတ်တော်အမတ်အပါအဝင် လူ ၂၀ ကျော် ဖမ်းဆီးခံရ

    မြဝတီမြို့ လေးကေကော်တွင် လွှတ်တော်အမတ်အပါအဝင် လူ ၂၀ ကျော် ဖမ်းဆီးခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၄)

    ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်အိမ်ယာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ ထိန်းချုပ်နယ်မြေတွင် စစ်တပ်မှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ကာ လွှတ်တော်အမတ်အပါအဝင် လူ ၂၀ ကျော် ဖမ်းဆီးသွားသည်ဟု သိရသည်။

    မြန်မာစစ်တပ်အင်အား ၂၀၀ ကျော်ဖြင့် ယနေ့ (ဒီဇင်ဘာ ၁၄ ) ရက် နံနက်စောစောပိုင်းက ဝင်ရောက်စစ်ဆေးခဲ့ကာ  ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင် အပါအဝင် လူ ၂၀ ကျော် ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။

    KNU မှ တာဝန်ရှိသူတစ်ဦးက “ ဒီဟာက ထူးထူးရှားရှားပြောစရာမရှိဘူး။ ဒီဟာက ကျနော်တို့က လူသားချင်းစာနာထောက်ထားမှုအရ လက်ခံထားတဲ့သူတွေလေ။ အဲတာတွေတော့ စည်းစောင့်ဖို့ လိုတယ်။ ကျနော်ဒါပဲပြောချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလူတွေက ကျ‌နော်တို့ အသက်ဘေးကနေ တိမ်းရှောင်ရတဲ့လူတွေ လူသားချင်းစာနာမှုထောက်ထားအရ ရှုထောင့်ကနေပြီးတော့ ကျနော်တို့ လက်ခံထားတဲ့သူတွေပါ။ ဘယ်လိုပြဲဖြစ်ဖြစ်ပေါ့။ ဒါကတော့ လေးစားလိုက်နာဖို့လိုတယ်။ အခုဖြစ်တဲ့ကိစ္စက အဲဒီအချက်တွေကို လုံးဝမလေးစားဘူးဆိုတာ ရှင်းတာပဲလေ” ဟု Klo FM Media Agency Facebook တွင် ပြောကြားထားသည်။

    လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် စစ်တပ်တို့ စစ်ရေးတင်းမာနေသည့် အနေအထားတွင် ရှိနေသည်ဟု သိရသည်။

    လေးကေကော်မြို့သစ်အိမ်ယာ ဧရိယာအပြင်ဘက် စိုက်ခင်းတောင်ယာကုန်းများတွင် ကင်းပုန်းထိုးထားသည့် စစ်တပ်အား နယ်‌မြေခံ KNLA တပ်ဖွဲ့များမှ ပြန်လည်ပိတ်ဆို့ထားသည့်အတွက် ဝင်ရောက်စစ်ဆေးနေသည့် စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာရန် အခက်တွေ့နေကြောင်း KIC သတင်းက ဖော်ပြထားသည်။

    လေးကေကော်မြို့သစ်ကို ၂၀၁၅ ခုနှစ်က KNU နှင့် ကရင်ပြည်နယ်အစိုးရတို့က ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်ခြင်း အထိမ်းအမှတ်အဖြစ် စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks