Homeသတင်းမွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းများ လေးပုံတစ်ပုံသာကျန်ရှိ

မွန်ပြည်နယ် မွေးမြူရေးလုပ်ငန်းများ လေးပုံတစ်ပုံသာကျန်ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၁၃)

မွန်ပြည်နယ်အတွင်း မွေးမြူရေးလုပ်ငန်း ၂၄၀ ကျော်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် လုပ်ငန်းဆက်လက်လုပ်ကိုင်နေသူ  ၆၀ ကျော်ဖြစ်သည့်အတွက် လေးပုံတစ်ပုံခန့်သာ စာရင်းရှိတော့ကြောင်း ပြည်နယ်မွေးမြူးရေးလုပ်ငန်းရှင်းအသင်းမှ သိရသည်။

ပြည်ပမှ ဝင်ရောက်လာသော မွေးမြူရေးအစာနှင့် ဆေးများဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လုပ်ငန်းလည်ပတ်ရန် အခက်အခဲရှိလာသလို ငွေကြေးအရင်းအနှီးအလိုလိုပျောက်ကွယ်သွားသောကြောင့် လုပ်ငန်းရပ်နားခဲ့ရခြင်းဖြစ်ကြောင်း မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။


“အခုလက်ရှိ လုပ်ငန်းရှင် ၂၄၀ ကျော်ကျော်မှာ ၁၈၀ လောက် ရပ်သွားတဲ့အနေအထားပေါ့။ လုပ်ငန်းလည်ပတ်နေတဲ့သူတွေတောင် မလည်ပတ်နိုင်တဲ့ အခြေအနေကို ရောက်သွားတာပါ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင်လည်း ကျန်ရှိနေသည့် မွေးမြူရေးလုပ်ငန်းလုပ်ငန်းများ ရပ်နားလိုက်ရမည့်အနေအထား ပိုများလာနိုင်ကြောင်း ၄င်းကဆက်ပြောသည်။


ထို့ပြင် ရာသီအကူးတွင် ဖြစ်တတ်သော ကူးစက်ရောဂါများ ဖြစ်ပွားနေသောကြောင့်  ကြက် နှင့် ဝက် မွေးမြူရေးလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း သထုံမြို့နယ်မှ ဝက်မွေးမြူရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် အသားစားကြက်၊ ဥစားကြက်၊ ဝက်၊ ဘဲ၊ ဆိတ်တို့ကို အဓိကထား မွေးမြူနေကြကြောင်း သိရသည်။

ယခုနှစ် ငါးဖမ်းရာသီတွင် မွန်ပြည်နယ်အတွင်း ငါးရရရှိမှုနှုန်း ယခင်နှစ်ထက်  နည်းပါးလာကြောင်း ငါးလုပ်ငန်းရှင်များက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts