spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်သားများအလောင်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ဒဏ်ချမှတ်ခံရ

    စစ်သားများအလောင်း ဓါတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ နာရေးကူညီမှုအသင်းအဖွဲ့ဝင် ထောင်ဒဏ်ချမှတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ ဒီဇင်ဘာ ၉)

    တိုက်ပွဲတွင် ကျဆုံးခဲ့သည့် စစ်သားများအလောင်းကို ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့သူ သံဖြူဇရပ်မြို့နယ် နာရေးကူညီမှုအသင်း အဖွဲ့ဝင်ဦးကျော်ဝင်းကို ကျိုက်မရောထောင် အထူးတရားရုံးမှ ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

    ဦးကျော်ဝင်းကို ကျိုက်မရောတရားရုံးမှ အသားရေဖျက်မှုအတွက်ထောင်ဒဏ် ၃ လကို အောက်တိုဘာလတွင်ချမှတ်ခဲ့ပြီး ပုဒ်မ ၅၀၅ (က)အတွက် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထောင်ဒဏ်တစ်နှစ်ထပ်မံကျခံစေရန် ဆုံးဖြတ်ခဲ့သည်။

    “မနေ့ကပဲအမိန့်ချလိုက်ပါတယ်။ မိသားစုကတော့ ဘာဆက်လုပ်ကြမလဲ စဥ်းစားနေကြတုန်းပါဘဲ။ အခုတော့သူက ကျိုက်မရောထောင်ထဲမှာပဲ”ဟု သံဖြူဇရပ်နာရေးကူညီမှုအသင်း အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    အောက်တိုဘာ ၂၀ ရက်နေ့က သံဖြူဇရပ်-ဘုရားသုံးဆူမော်တော်ကားလမ်းမကြီးပေါ် အနန်းကွင်းနှင့် တောင်စွန်စခန်းအကြား မော်တော်ကားမိုင်းထိသဖြင့် စစ်တပ်ဘက်မှကျဆုံးခဲ့သော ယာယီတပ်ရင်းမှူး ဗိုလ်မှူးသန်းဝင်းထွန်း အပါအဝင် ၆ ဦး၏အလောင်းကို သယ်ဆောင်လာပြီး ဓါတ်ပုံမှတ်တမ်းတင်ခဲ့၍ လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခဲ့သည်ဟု သိရသည်။

    တိုက်ပွဲအတွင်းကျဆုံးသူ စစ်သားများအလောင်းကို သံဖြူဇရပ်နာရေးကူညီမှုအသင်းမှ သွားကောက်ခဲ့သည့် အသင်းဝင် ၄ ဦးစလုံးအဖမ်းခံခဲ့ရကြောင်း၊ သို့ရာတွင် ၃ ဦး​ပြန်လည်လွတ်မြောက်ခဲ့ပြီး ရုပ်အလောင်းဓာတ်ပုံများကို ဦးကျော်ဝင်းက Facebook စာမျက်နှာတွင် ဖြန့်ဝေခဲ့သောကြောင့် အသရေဖျက်မှုအပါအဝင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks