spot_img
Monday, March 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျောင်းရွာတိုက်ခိုက်ခံရအပြီး စစ်တပ်မှလက်နက်ကြီးပစ်ခတ်၊ အရပ်သား ၂ ဦးဒဏ်ရာပြင်းထန်ရရှိ

    ကျောင်းရွာတိုက်ခိုက်ခံရအပြီး စစ်တပ်မှလက်နက်ကြီးပစ်ခတ်၊ အရပ်သား ၂ ဦးဒဏ်ရာပြင်းထန်ရရှိ

    -

    မွန်သတင်းအေဂျင်စီ (၉ ဒီဇင်ဘာ ၂၀၂၁)

     ရေးမြို့အရှေ့ဖက်ခြမ်း ကျောင်းရွာကျေးရွာရှိ ရဲကင်းနှင့် အုပ်ချုပ်ရေးမှူးရုံးတို့ကို ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက တိုက်ခိုက်ခံရအပြီး မြန်မာစစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ရာ မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း သတင်းရရှိသည်။

    ဒီဇင်ဘာ ၈ ရက်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ကျောင်းရွာတိုက်နယ်အရှေ့ဖက် မုနိတောင်ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျပြီးပေါက်ကွဲခဲ့ရာ ရေးချောင်းဖျား ပနန်းပုံရွာမှ ဆေးလာကုသူ မိသီတာဦး ခြေသလုံးတွင်ဒဏ်ရာပြင်းထန်(စိုးရိမ်ရ)၊ ခလေးငယ်တစ်ဦး နဖူးဒဏ်ရာရရှိသဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

    “မနေ့ညနေက ကျောင်းရွာမှာ အပြင်ကအဖွဲ့တွေဝင်ပစ်ပြီး မကြာခင်မှာပဲ တပ်က လက်နက်ကြီးနဲ့ ရမ်းပစ်တာ ကျချင်တဲ့နေရာကျပြီး ပေါက်ကွဲတယ်၊ မုနိတောင်ဘုန်းတော်ကြီးကျောင်းမှာ ဆေးလာကုတဲ့အမျိုးသမီးနဲ့ သူ့ခလေးလားမသိဘူး လက်နက်ကြီးထိသွားတယ်” ဟု ၄င်းက ဆိုသည်။

    ထို့အတူ ကျောင်းရွာရဲကင်းစခန်းပစ်ခတ်မှုတွင် ဆီးခုံတွင်ဒဏ်ရာရရှိခဲ့သည့် အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးကျော်မြင့် အသက် (၆၂) နှစ် ယနေ့တွင် သေဆုံးသွားကြောင်း ၄င်းက ဆက်ပြောသည်။

    ကျောင်းရွာကျေးရွာအတွင်း လူ ၁၀ ဦးခန့် ဆိုင်ကယ် ၅ ဦး လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ရာတွင် ကျောင်းရွာနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ် အောင်ကျော်နိုင် ယာဘက်ပုခုံး ကျည်ရှပ်ထိဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင် ဝဲဘက်တင်ပါး ကျည်ရှပ်ထိဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)၊ ပြည်သူ့စစ်အဖွဲ့ဝင် ဦးဘော် ဝဲဘက်ပေါင်ကျည်ဖောက်ဝင်ဒဏ်ရာ (၂)ချက်(မစိုးရိမ်ရ)နှင့်  ရဲကင်းစခန်းအနီး နေထိုင်သူ အငြိမ်းစားစစ်မှုထမ်းဟောင်း ဦးကျော်မြင့်တွင် ဆီးအိမ်ရှပ်ထိဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်ခုံ ကျည်ဖောက်ဝင်ဒဏ်ရာ(၂)ချက် ဒဏ်ရာစိုးရိမ်ရသည့်အခြေအနေရှိပြီး မော်လမြိုင် ၅၃၅ စစ်ဆေးရုံသို့ ချက်ချင်းပို့ဆောင်လိုက်ရခြင်း ဖြစ်သည်။

    အဆိုပါ လက်နက်ကိုင်အဖွဲ့ထွက်ခွာသွားရာ ယူဆရသည့် လိပ်ပုတ်ရွာသွားရာလမ်းသို့ ကျောင်းရွာအနီးအခြေစိုက်ထားသည့် မြန်မာစစ်တပ်ခြေမြန်တပ်ရင်းများမှ လက်နက်ကြီးများ လှမ်း၍ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ယူဆပြောဆိုကြသည်။

    ​ထို့အတူ ရေး-သံဖြူဇရပ်ကားလမ်းတလျှောက် ကနင်ကမော့၊ အောင်သပြေနှင့် ဘေးလမိုင်းရွာအနီးတဝိုက်ရှိ ကရင်ရွာများအတွင်း  ခလရ- ၁၀၆ စစ်ကြောင်း ဝင်ရောက်လှုပ်ရှားလျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း KNU တပ်ဖွဲ့များနှင့် မြန်မာတပ်ဖွဲ့တို့ ၃ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခဲ့သည့် ရွာအတွင်းသို့ မြန်မာစစ်တပ်က မကြာခဏဆိုသလို လက်နက်ကြီးများ အဝေးမှလှမ်းထုနေကြောင်း၊  ပေါ်တာဖမ်းဆီးမည်ကိုစိုးရိမ်ရသဖြင့် ရွာသားများ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks