spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းထိုင်းတွင် တရားမဝင်အလုပ်သမားများကို မှတ်တင်ခွင့်ပြုထားသောကြောင့် ခိုးဝင်မှုပိုဖြစ်နေဟုပြော

    ထိုင်းတွင် တရားမဝင်အလုပ်သမားများကို မှတ်တင်ခွင့်ပြုထားသောကြောင့် ခိုးဝင်မှုပိုဖြစ်နေဟုပြော

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ ဒီဇင်ဘာ ၇)

    ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ကာ အလုပ်လုပ်ကိုင်နေသည့် တရားမဝင်အလုပ်သမားများကို ထိုင်းအာဏာပိုင်များက လူသစ်မှတ်ပုံတင်ခွင့် ပြုထားသည့်အတွက် နယ်စပ်မှ ခိုးဝင်မှု ပိုမိုများပြားလာကြောင်း  နီးစပ်သူထံမှ သိရသည်။

    ပွဲစားများ၏ မက်လုံးပေးမှုကြောင့် နယ်စပ်ဖြတ်ကျော်ခိုးဝင်မှု ပိုမိုဖြစ်လာသလို လူမှောင်ခိုလုပ်ကိုင်သည့် လုပ်ငန်း ဖြစ်ပေါ်နေကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးက ပြောသည်။

    “လက်ရှိကာလက လက်ရှိကာလဆိုတာ လွန်ခဲ့တဲ့ နိုဝင်ဘာလကုန်အထိ ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင်အလုပ်သမားတွေကို သူတို့က လူသစ်မှတ်ပုံတင်ခွင့်ပြုထားတာကိုး။ ဆိုတော့ အဲဒီကာလတွေ ဖြစ်နေတော့ လူတွေက ပြောရမယ်ဆိုလို့ရှိရင် ပွဲစားတွေလည်း အတင်းမက်လုံးတွေ ပေးပြီးခေါ်နေတာကိုး ဒါကြောင့်မို့ အလုပ်သမားတွေ အများကြီး တရားမဝင်တဲ့ နည်းနဲ့ ခိုးဝင်ကြတာ။ ခိုးဝင်ဖို့ လုပ်ငန်းတွေ ပိုဖြစ်တာပေါ့။ အလုပ်ဖြစ်တာပေါ့ လူမှောင်ခိုစီးပွားလုပ်ငန်းကြီး တစ်ခုလိုဖြစ်သွားတာ” ဟု ဦးမင်းဦးက ပြောသည်။

    လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်တွင် ထိုင်းနိုင်ငံမှ နှစ်ဖက်နားလည်မှုစာချွန်လွှာ(MOU) ဖြင့် တရားဝင်လမ်းကြောင်းမှ အလုပ်သမားခေါ်ယူမှု စတင်မည်ဖြစ်ပြီး မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ အလုပ်သမားများကို တရားဝင်ခေါ်ယူမည်ဖြစ်ကာ အလုပ်သမားလိုအပ်ချက် သိန်းချီ ရှိနေကြောင်း သိရသည်။

    ယင်း MOU ဖြင့် သွားမည်ဆိုပါက အေဂျင်စီများနှင့် တဆင့် လုပ်ဆောင်ရမှာဖြစ်ပြီး အလုပ်ရှုတ်မခံလိုသည့်အတွက် ပွဲစားများမှ တဆင့် လူတစ်ဦးကို စျေးသတ်မှတ်ချက်ဖြစ် ခေါ်ယူနေသည်ဟု ဦးမင်းဦးက ပြောသည်။

    ထိုင်းနိုင်ငံအနေဖြင့် အလုပ်သမား ၄ သိန်း ခေါ်ယူရန် လျာထားပြီး ကနဦး ၈ သောင်းခန့် စတင်ခေါ်ယူမည်ဟု သိရသည်။

    မြန်မာနိုင်ငံမှ အလုပ်သမား ၂ သိန်းကျော်ကို ခေါ်ယူမည်ဖြစ်ကာ လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေ ၃ သန်းကျော်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts