Sunday, March 8, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးWY မူးယစ်ဆေးပြားကို ကောက်ညှင်းထုပ်အတွင်းထုတ်ပိုးသယ်ဆောင်လာသူအမျိုးသမီးတစ်ဦးအား အင်းဗြောင်အကျဥ်းဦးစီးစခန်း၌ စစ်ဆေးဖမ်းမိ

    WY မူးယစ်ဆေးပြားကို ကောက်ညှင်းထုပ်အတွင်းထုတ်ပိုးသယ်ဆောင်လာသူအမျိုးသမီးတစ်ဦးအား အင်းဗြောင်အကျဥ်းဦးစီးစခန်း၌ စစ်ဆေးဖမ်းမိ

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ နိုဝင်ဘာ ၂၉)

    WY မူးယစ်ဆေးပြားများ ကောက်ညှင်းထုပ်အတွင်းတွင်ထည့်သွင်းပြီး ထောင်ဝင်စာလာတွေ့သူ မဝင်းထွေးအား နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အင်းဗြောင်အကျဥ်းဦးစီးကုန်ထုတ်စခန်း၌ ဖမ်းဆီးရဖိခဲ့ကြောင်း ဇင်းကျိုက်မြို့မရဲစခန်းမှသိ ရသည်။

    “ဖြစ်စဥ်ကဟုတ်ပါတယ်။ အင်းဗြောင်ကစစ်ဆေးရေးဂိတ်မှာစစ်ဆေးတွေ့ရှိပြီး စခန်းမှာအမှုလာဖွင့်ထားပါတယ်။ သူ့ကိုအခုအချုပ်ထဲထည့်ထားပါတယ်။”ဟု ဇင်းကျိုက်မြို့မရဲစခန်းမှ စခန်းမှူးဦးတင်မောင်ဆွေက ဆိုသည်။

    ပေါင်မြို့နယ် သဲကုန်းကျေးရွာတွင် နေထိုင်သူ အဖ ဦးစိုးလှိုင်၏သမီးဖြစ်သူ အသက် ၃၁ နှစ်အရွယ် မဝင်းထွေးသည် ထောင်ကျနေသူ၎င်း၏ယောက်ျားဖြစ်သူ ဖိုးသင်္ကြန်ကို ထောင်ဝင်စာလာပို့ရာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ လမ်းမတန်းရှိ အင်းဗြောင်အကျဥ်းဦးစီး ကုန်ထုတ်စခန်း၌ နိုဝင် ဘာ ၂၈ ရက်ညနေ ၄နာရီတွင် မဝင်းထွေးယူဆောင်လာသော ကောက်ညှင်းထုတ်အတွင်း၌ ပလပ်စတစ်အမဲရောင်ဖြင့်ထုတ်ထားသော WYဆေးပြား ၉၂ ပြားကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

    အကျဥ်းဦးစီးကုန်ထုတ်စခန်းတာဝန်ရှိသူမှ ဇင်းကျိုက်နယ်မြေရဲစခန်းသို့ တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး မဝင်းထွေးကို မူးယစ်စိတ်ပြောင်းဆေးဝါးဥပဒေပုဒ်မ ၁၉ (က)အရ အမှုဖွင့်အရေးယူထားကြောင်းဇင်းကျိုက်ရဲစခန်းမှ သိရသည်။

    အလားတူ သထုံမြို့နယ်၊ နောင်ကုလားရှမ်းရွာနေ ဒေါ်ခင်လေးကြည်(ခ)နီလာထွန်း ၏ နေအိမ်အား ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်အိပ်ခန်းအတွင်းရှိ သစ်သားဗီရိုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၈၉ ပြားကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်ခင်လေးကြည်(ခ)နီလာထွန်း(၅၅)နှစ် အား သထုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက် ရှိကြောင်း မူးယစ်ဗဟို CCDAC MYANMAR သတင်းက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks