spot_img
Friday, January 23, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးမြို့တွင် ကွမ်းယာရောင်းသူတစ်ဦး သေနတ်အပစ်ခံရပြီးသေဆုံး

    ရေးမြို့တွင် ကွမ်းယာရောင်းသူတစ်ဦး သေနတ်အပစ်ခံရပြီးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ ( ၂၀၂၁ နိုဝင်ဘာ ၂၈)

    ရေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ မနောသုလမ်းနှင့် မြို့ပတ်လမ်းထောင့်တွင် ကွမ်းယာရောင်းချနေသူ ဦးစိုးလွင်ကို နိုဝင်ဘာလ ၂၇ရက်နေ့ နေ့လည်ပိုင်းတွင်အမည်မသိ လူနှစ်ဦးမှသေနတ်ဖြင့် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်း ရေးမြို့မ ရဲစခန်းမှ သိရသည်။

    အသက် ၄၅ နှစ်အရွယ်ဦးစိုးလွင်​ ခေါ်ဦးမောင်လုံးကို NCX အမျိုးအစား နက်/ပြာရောင်ဆိုင်ကယ်ဖြင့်ရောက်ရှိလာသူနှစ်ဦးမှ ဆိုင်ကယ်နောက်တွင် စီးနင်းလာသူသည် ကွမ်းယာ ဝယ်သည့်ဟန်ဖြင့် ချဉ်းကပ်ကာ ပစ္စတိုသေနတ်ဖြင့် (၅)ချက်ခန့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့မ ရဲစခန်းတာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဦးစိုးလွင်က ရာအိမ်မှူးရဲ့ညီဖြစ်တယ်။ အဲ့ဒါ​ကြောင့်ပစ်တာဖြစ်မယ်။ ပစ်တဲ့အဖွဲ့အစည်းကတော့ သူတို့ဟာ သူတို့ကြေညာနေတယ်လေ” ဟု ဆိုသည်။

    ပစ်ခတ်မှုကြောင့် ဦးစိုးလွင်၏ ယာယက်နံဘေးဂျိုင်းအောက် ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ဝဲဘက်ဦးခေါင်းနောက်စိ ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာဘက်ဦးခေါင်းနောက်ဘက်  ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက်တို့ ရရှိပြီး နေရာ၌ပင်သေဆုံးခဲ့သည်။

    အလားတူ အောင်မေတ္တာရပ်ကွက်၊ အလက(၂)ကျောင်းရှေ့၌ ဇွန်လ ၁၄ ရက်နေ့ ညနေကျောင်းဆင်းချိန်တွင် အမည်မသိဆိုင်ကယ်စီးလူ ၂ ဦးက သေနတ်ပစ်ခတ်ခဲ့ရာ လူနှစ်ဦးထိမှန်ခဲ့ပြီး တစ်ဦးသေဆုံးသွားခဲ့ရာ တရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts