spot_img
Saturday, February 14, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးကျိုက်ထီးရိုး ညအိပ်ဘုရားဖူးများ ဧည့်စာရင်းတိုင်ရမည်

    ကျိုက်ထီးရိုး ညအိပ်ဘုရားဖူးများ ဧည့်စာရင်းတိုင်ရမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၇)


    ကျိုက်ထိုမြို့ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်လာရောက်ဖူးမြှော်ကြသည့် ညအိပ်ဘုရားဖူးများ ဧည့်စာရင်းတိုင်ရမည်ဖြစ်ပြီး တိုင်ကြားခြင်းမပြုပါက ဧည့်စာရင်းဥပဒေနှင့်အရေးယူမည်ဖြစ်ကြောင်း ကျိုက်ထီးရိုးဘုရား ဂေါပကရုံးမှသတင်းရရှိသည်။


    “ညအိပ်လာတဲ့သူတွေအဓိကပေါ့။ ဧည့်စာရင်းတိုင်ရမယ်။ ဘုရားရင်ပြင်မှာပဲ အိပ်အိပ်၊ ဟော်တယ်မှာပဲတည်းတည်း ဧည့်စာရင်းတိုင်ရမယ်၊ ဧည့်စာရင်းစစ်လို့ မတိုင်ထားဘူးဆိုရင် ဧည့်စာရင်းဥပဒေနဲ့ အရေးယူတာခံရမယ်”ဟု ဂေါပကအဖွဲ့ဝင် ဦးတင်စိုးက ဆိုသည်။


    ဘုရားဖူးတွေရဲ့ မှတ်ပုံတင်၊ လိပ်စာနဲ့ဖုန်းနံပါတ်များကို ခြင်္သေ့နှစ်ကောက်မုဒ်ဝကိုရောက်လျှင် တစ်ကြိမ်ပေးရပြီး ညအိပ်လျှင် ဧည့်စာရင်းထပ်တိုင်ရမည်ဖြစ်၍ အဆိုပါဧည့်စာရင်းကို နေ့စဥ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲစခန်းသို့ ပို့ဆောင်ရကြောင်း သိရသည်။


    ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်ပေါ်တွင် ဟိုတယ် ၃ လုံး၊ ရသေ့တောင်တွင် ၁ လုံး၊ ကျိုက်ထီး ရိုးတောင်ခြေတွင် ၉ လုံးနှင့် ကျိုက်ထိုတွင် ၂ လုံး စုစုပေါင်း ၁၅ လုံးကို

    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဟိုတယ် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုပေးထား ကြောင်းသိရသည်။


    အဆိုပါဟိုတယ်များတွင်တည်းခိုသည့် ညအိပ်ခရီးသာ်များစာရင်းကို နေ့စဥ် လုံခြုံရေးတပ်ဖွဲ့ဝင်များထံပို့ပေးရကြောင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ သိရသည်။


    “ကျွန်တော်တို့ ညတိုင်း ၈ နာရီနောက်ဆုံးထားပြီး  ဧည့်စာရင်းကို ‌ဂေါပကရုံး‌၊ ရဲစခန်းနဲ့တာဝန်ကျတဲ့ လုံခြုံရေးတပ်ဖွဲ့ အဲဒီသုံးနေရာကို ပို့ပေးရပါတယ်”ဟု မွန်ပြည်နယ် ဟော်တယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


    ၂၀၁၆ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော ဧည့်စာရင်းဥပဒေကို စစ်တပ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်လည် ပြဌာန်းကြောင်း နစကက ထုတ်ပြန်ခဲ့သည်။ ဥပဒေအရ အိမ်ထောင်စုစာရင်းဝင် မဟုတ်သူများ  ညအိပ်ညနေ အလည်သွားလျှင် မဖြစ်မနေ ဧည့်စာရင်း တိုင်ကြားရတော့မည်ဖြစ်ပြီး တိုင်ကြားရန် ပျက်ကွက်ခဲ့ပါက ဒဏ်ငွေတစ်သောင်း၊ ဒဏ်ငွေမပေးဆောင်နိုင်လျှင် ထောင်ဒဏ် ၇ ရက် ကျခံရမည်ဟု ပြဌာန်းချက်တွင် ဖော်ပြထားသည်။


    ကျိုက်ထီးရိုးဘုရားတွင် ဂေါပကရုံးမှတိုက်ရိုက်ခန့်ထားသော လုံခြုံရေးဝန်ထမ်း ၆ဝ ခန့်ရှိပြီး စစ်တပ်မှ လုံခြုံရေးတပ်ဖွဲ့များလည်းရှိသည်။ ဧည့်စာရင်းကို မဖြစ်မနေတိုင်ကြားရန် ဂေါပကရုံးမှတိုက်တွန်းထားပြီး ပျက်ကွက်ပါက ဥပဒေအတိုင်းအရေးယူမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks