Sunday, March 8, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးသထုံမြို့တွင် တစ်မနက်ထဲ နေရာ ၅ ခု ဗုံးပေါက်ကွဲမှုဖြစ်

    သထုံမြို့တွင် တစ်မနက်ထဲ နေရာ ၅ ခု ဗုံးပေါက်ကွဲမှုဖြစ်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၆)

    မွန်ပြည်နယ် သထုံမြို့ပေါ်၌  နိုဝင်ဘာ ၂၆ ရက် တစ်မနက်ထဲ နေရာ ၅ ခုတွင် ဗုံးပေါက်ကွဲမှုခဲ့ကြောင်း မြို့ခံများ ပြောကြားချက်အရ သိရသည်။

    နံနက် ၅ နာရီခန့်က နန်းခဲရပ်ကွက်အူပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ်၊ အောက်ကျင်းရပ်ကွက်ရှိ ကမ္ဘာ့ရတနာဘဏ် အနီးတွင် တစ်ကြိမ်နှင့် လိပ်အင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ်စီ ဗုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများခံက ဆိုသည်။

    ထို့ပြင် သထုံမြို့ ဘင်လှိုင်ရပ်ကွက်ရှိ ကညနရုံး အနီးတွင် တစ်ကြိမ် နှင့် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအနီးတွင် တစ်ကြိမ် ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။

    ယင်းသို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြိုအဝင်အထွက် ဂိတ်များတွင် ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “ပေါ်တော်မူမှာတော့ လမ်းကို ပိတ်ပြီး စစ်တယ်။ ဆိုင်ကယ်တွေမှာ ရှာတယ်။ ပြီးတော့ မြို့အဝင်အထွက်ဂိတ်မှာလည်း ထပ်ပြီး စစ်‌တယ်”ဟု ၎င်းက ပြောသည်။

    ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှုများ မရှိဟု သိရကြောင်း ၄င်းကဆက်ပြောသည်။

    လက်ရှိတွင် သထုံမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံ စစ်ဆေး ရှာဖွေခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

    အလားတူ နိုဝင်ဘာ ၂၄ ရက် ညပိုင်းကလည်း မုတ္တမမြို့အုပ်ချုပ်ရေးမှူးရုံးရှေ့တွင်လည်း ဗုံးပေါက်ကွဲမှုတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုများ မရှိကြောင်း စုံစမ်းသိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks