spot_img
Sunday, February 15, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးဘဏ်ငွေသယ်ဆောင်လာသော ရေးမြို့နယ် ဒုရဲမှူးနှင့် မြို့နယ်ဘဏ်မန်နေဂျာတို့ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရပြီး ယာဉ်မောင်းတစ်ဦးသေဆုံး

    ဘဏ်ငွေသယ်ဆောင်လာသော ရေးမြို့နယ် ဒုရဲမှူးနှင့် မြို့နယ်ဘဏ်မန်နေဂျာတို့ကား ၂ စီး ခြုံခိုတိုက်ခိုက်ခံရပြီး ယာဉ်မောင်းတစ်ဦးသေဆုံး

    -

    မွန်သတင်းအေဂျင်စီ( ၂၀၂၁ နိုဝင်ဘာ ၂၅)

    မော်လမြိုင်မြိုမှ ဘဏ်ငွေထုတ်ယူပြီး ရေးမြိုနယ်သို့ သယ်ဆောင်လာသော ရေးမြို့နယ် ဒုရဲတပ်ဖွဲ့မှူးဦးဆောင်သည့်လုံခြုံရေးတပ်ဖွဲ့နှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ လိုက်ပါလာသော ကား ၂ စီး ရေးမြို့နယ်ဧရိယာအတွင်း နိုဝင်ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် လက်နက်ကိုင်တစ်ဖွဲ့တစ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

    ယင်းပစ်ခတ်မှုဖြစ်စဉ်တွင် ဘဏ်မန်နေဂျာ၏ ယာဉ်မောင်းဖြစ်သူ ဦးမြင့်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ရဲတပ်သား ဥက္ကာမင်းဦး၏ ယာဘက်တင်ပါး ကျည်ဖောက်ဝင်ဒဏ်ရာ (၁)ချက် ရရှိကာ လမိုင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

    ရေးမြိုနယ် ဒုရဲတပ်ဖွဲ့မှူး ဒုရဲမှူး မြင့်ဝင်း နှင့် ဘဏ်မန်နေဂျာ ဦးမြင့်နိုင်တို့အပြင် လုံခြုံရေးတပ်စိတ်ပါဝင်သော ကားနှစ်စီးကို နှစ်ကရင်နှင့် မော့ကနင်ကျေးရွာအကြားရှိ အောင်သာယာနှင့် ကနင်ကမော့ရွာအကြား မော်လမြိုင်-ရေး အဝေးပြေးလမ်းမပေါ် မော်တော်ယာဥ်မောင်းနှင်သွားနေစဥ်  ညနေ ၄ နာရီမထိုးမီ မိနစ်အနည်းငယ်ခန့်အလိုတွင် လက်နက်ကိုင်တစ်ဖွဲ့တစ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။


    လုံခြုံရေးလိုက်ပါလာသောရဲတပ်ဖွဲ့နှင့် မိနစ်ပိုင်းအနည်းငယ်ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာမှ အမည်မသိလက်နက်ကိုင်အဖွဲ့က ပြန်လည်ဆုတ်ခွာသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သော အနီးအနားရှိ ရာဘာခြံသမားတစ်ဦးက ပြောသည်။

    ထိုနောက် မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းမှ ခြုံခိုတိုက်ခိုက်ခံရသော နေရာသို့ လာရောက်ပြီး ဖြစ်စဥ်အနေအထားကို စုံစမ်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    နေ့လည်ပိုင်းတွင် မော်လမြိုင်မြို့မှ ငွေထုတ်ပြီး ဘဏ်ငွေသယ်ကား ၂ စီး ရေးမြိုနယ်သို့ ပြန်လာနေသည်ကို အဆိုပါလက်နက်ကိုင်အဖွဲ့ မည်ကဲ့သို့သတင်းရရှိပြီး စောင့်ကြို၍ ခြုံခိုတိုက်ခိုက်နိုင်ခဲ့သည်ကို ဒေသခံများအံသြမဆုံး ဖြစ်နေကြသည်။

    ရန်ကုန်-မော်လမြိုင်-ရေး-ထားဝယ်အဝေးပြေးကားလမ်းမသည် မော်တော်ကားများ အဆက်မပြတ်သွားလာနေသည့် လမ်းမကြီးဖြစ်ကြောင်း၊ ရေးမြို့နယ် မြောက်ပိုင်း ကားလမ်း၏အရှေ့ဘက်ခြမ်းတွင် ကရင်ကျေးရွာများတည်ရှိ၍ KNU တပ်မဟာ ၆ လှုပ်ရှားနယ်မြေဖြစ်ပြီး ကားလမ်း၏ အနောက်ဘက်ခြမ်းတွင် မီးရထားလမ်းနှင့် မွန်ကျေးရွာများသာ တည်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks