spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့ယာဉ်များကို အသုံးမပြုရန် လူမှုကယ်ဆယ်ရေးအသင်းများကို ခေါ်ယူသတိပေး

    လိုင်စင်မဲ့ယာဉ်များကို အသုံးမပြုရန် လူမှုကယ်ဆယ်ရေးအသင်းများကို ခေါ်ယူသတိပေး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၅)

    လိုင်စင်မဲ့ယာဉ်များကို အသုံးမပြုရန်အတွက် မော်လမြိုင်မြိုနယ်အတွင်းက လူမှုကယ်ဆယ်ရေး အသင်းများကို နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းက ခေါ်ယူ သတိပေးခဲ့ကြောင်း သိရသည်။

    လိုင်စင်မဲ့ယာဉ် အသုံးပြုမည် ဆိုပါက အရေးယူမည်ဟု မွန်ပြည်နယ် ပစကမှ ခေါ်ယူ သတိပေးထားကြောင်း မော်လမြိုင်က လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    “အခုက ညွှန်ကြားချက်က ၂ ခုထွက်တယ်။ လက်ရှိ မွန်ပြည်နယ်အနေနဲ့ ညွှန်ကြားချက်ပေးတာတွေ မထွက်သေးဘူး။ ထွက်တာက ရန်ကုန်တိုင်းပဲထွက်တယ်။ ဒါပေမယ့် ခေါ်ယူတွေ့ဆုံပြီးတော့ လူနာတင်ယာဉ်တွေ စနစ်တကျ လုပ်ဖို့ ‌ခေါ်ယူတွေ့ဆုံပြီးတော့ သတိပေးတာတော့ရှိတယ်။ လိုင်စင်မဲ့ယာဉ်ဆို ဖမ်းမယ်ဆိုပြီးတော့ ခေါ်ယူပြီး ပြောထားတာတေ့ရှိတယ်။ စာတော့ မထွက်ထားဘူး”ဟု ၎င်းက ပြောသည်။

    ထို့ပြင် အသင်းအဖွဲ့ လိုင်စင်မရှိသည့် အသင်းအဖွဲ့များကို မှတ်ပုံတင်ရန် နှင့် မှတ်ပုံမတင်ပါက အသင်းဖျက်သိမ်းရန် ညွှန်ကြားထားကြောင်း ဆက်ပြောသည်။

    လိုင်စင်မဲ့ယာဉ်ရှိနေသည့် အသင်းဖွဲ့များကို အသင်းဖွဲ့လိုင်စင် မှတ်ပုံတင်သွင်းခွင့် မပြုထားသောကြောင့် လိုင်စင်ရှိသည့် မော်တော်ယာဉ် ရှိကိုရှိရမည် ဖြစ်ကြောင်း ထပ်ပြောသည်။

    လက်ရှိတွင် မော်လမြိုင်မြို့နယ်အတွင်းသာ ကယ်ဆယ်ရေးလုပ်ငန်းများကို ကူညီလုပ်ကိုင်ပေးရပြီး မြိုတွင်းသွားလာမှု အဆင်ပြေကြောင်း မော်လမြိုငိ Rescue အဖွဲ့က တာဝန်ရှိသူက ပြောသည်။

    “ကိုယ့်မြိုနယ် ကိုလုပ် ခွင့်ပြုတာတော့ မဟုတ်ဘူး။ နယ်ကျော်သွားလို့ တစ်ခြားနေရာဆိုရင် သူတို့ဖမ်းချင်ဖမ်းမယ်။ မဖမ်းဘူးလို့လည်း မပြောဘူး။ ဖမ်းမယ်လို့လည်း မပြောဘူး။ အဲလိုလုပ်တာ။ အခု ကျွန်တော်တို့က မြိုတွင်းပဲ ရမယ်။ နယ်တွေထွက်လို့မရဘူး။ မော်လမြိုင်မြို့တွင်းက အပြင်ထွက်လို့ ဖမ်းခံထိရင် သူတိူ့တာဝန်မယူဘူး အဲလိုပြောတယ် အစည်းအဝေးမှာပေါ့”ဟု ၎င်းက ပြောသည်။

    ထို့ပြင် အသင်းအဖွဲ့ မှတ်ပုံတင်မရှိသည့် ကယ်ဆယ်ရေးလုပ်ငန်းသုံး မော်တော်ယာဉ်များကိုလည်း ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ဆက်ပြောသည်။

    မွန်ပြည်နယ် ဆယ်မြို့နယ်အတွင်း သွားလာခွင့်ရနေသေးသည့်အတွက် အခက်အခဲ အများကြီး မကြုံရသေးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်ထံက သိရသည်။

    အလားတူ ရန်ကုန်တိုင်းအတွင်းရှိ လူမှုရေး ပရဟိတ အသင်းအဖွဲ့များ အားလုံး အမြန်ဆုံး မှတ်ပုံတင်ကြရန်နှင့် လိုင်စင်မဲ့ လူနာတင်ကားများ အသုံးမပြုရန် စစ်ကောင်စီက မြို့နယ်အလိုက် အကြောင်းကြားစာများ လိုက်လံပေးပို့ခဲ့ကြောင်း၊ အဆိုပါ ညွှန်ကြားစာကို နိုဝင်ဘာလ ၁၅ ရက်မှ စတင်ကာ မြို့နယ်အလိုက် ထုတ်ပြန်အကြောင်းကြားထားခြင်းဖြစ်ပြီး မှတ်ပုံမတင်သည့် အဖွဲ့အားလုံးကို ဖျက်သိမ်းသွားမည်ဟု ပါဝင်ကြောင်း လူမှုရေးအသင်းအဖွဲ့များထံက သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts