spot_img
Friday, January 23, 2026
More
    spot_img
    HomeCovid 19ငါးဈေးကွက်တွင် ပြည်တွင်းစားသုံးသူဈေးကွက်ဝင်ငါးများကို ဦးစားပေးပိုမိုဖမ်းလာ

    ငါးဈေးကွက်တွင် ပြည်တွင်းစားသုံးသူဈေးကွက်ဝင်ငါးများကို ဦးစားပေးပိုမိုဖမ်းလာ

    -


    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၄)

    ပြည်တွင်းငါးဈေးကွက်တွင်  စားသုံးသူဈေးကွက်ဝင်သည့် ငါးများကို  ဦးစားပေးပိုမိုဖမ်းလာကြောင်း ငါးလုပ်ငန်းရှင်များထံမှ သိရသည်။

    ယခုနှစ်တွင် ကုမ္ပဏီများမှ ပေးသော ဈေးသည် နည်းနေပြီး စားသုံးသူဈေးကွက်တွင် ရောင်းချသော ဈေးသည် မြင့်တက်လာကြောင်း၊ နိုင်ငံခြားသို့ တင်ပို့မည့်ငါးများအစား စားသုံးသူဈေးကွက်ဝင်သည့်

    ငါးများကို ပိုဖမ်းလာသည်ကို တွေ့ရကြောင်း မော်လမြိုင်မြို့နယ်မှ ငါးအအေးခန်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ပြည်တွင်းငါးဈေးကွက်မှာတော့ ကျိုက္ခမီဘက်က ပင်လယ်ငါးဖမ်းတဲ့သူတွေကတော့ စားသုံးသူဈေးပို့လို့ရတဲ့ ငါးတွေ သူတို့ ပိုဖမ်းကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီငါးဈေးတွေက ပိုမြင့်နေတာပေါ့။ နိုင်ငံခြားပို့တဲ့ ငါးဖမ်းမယ့်အစား စားသုံးသူဈေးကွက်မှာ ရောင်းလို့ရတဲ့ငါးမျိုးတွေ ပိုဖမ်းတာ တွေ့ရတယ်။ အဲဒီမှာ ဈေးမြင့်နေလို့”ဟု ၎င်းက ပြောသည်။

    စားသုံးသူ ဈေးကွက်ဝင်သည် ငါးကွင်းရှပ်၊ ငါးသလောက်၊ ငါးသလောက်ယောက်ဖများကို ဖမ်းပါက တစ်ပိဿာလျှင် ကျပ် ၅ ထောင်ထိ ရရှိကြောင်း ၄င်းကဆက်ပြောသည်။

    ကုမ္ပဏီမှ ဝယ်ယူနေသော ငါးခွေးလျှာ၊ ငါးခေါင်းပွများသည် တစ်ပိဿာလျှငိ ကျပ် သုံးထောင်ထိသာ ရောင်းဈေးရှိကြောင်း ထပ်ပြောသည်။

    စားသုံးသူဈေးကွက်တွင် ကြက်သား၊ ဝက်သားဈေးများပါ မြင့်တက်နေသောကြောင့် ငါးဈေးလည်း မြင့်တက်လာနိုင်သည့်အနေအထား ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်မှ ငါးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    သို့ရာတွင် ရေလုပ်သားများအနေဖြင့်လည်း ငါးဈေး ယခုထက်လျော့နည်းပါက ပင်လယ်ပြင်ထွက် နိုင်လိမ့်မည် မဟုတ်ကြောင်း ဆက်ပြောသည်။

    ပြည်တွင်း စားသုံးသူ ဈေးကွက်အတွင်းသို့ ငါးကွက်ရှပ်၊ ငါးသလောက်အသေး၊ ငါးရွှေအသေး၊ ကကူယံ ငါးများကို အဓိက တင်ပို့ရောင်းချနေကြောင်း သိရသည်။

    ပြီးခဲ့သည့် ကိုဗစ်ဒုတိယလှိုင်းတွင် ပြည်ပသို့ တင်ပို့လုပ်ကိုင်နေသည့် ငါးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်း နီးပါးနှင့် ကိုဗစ်တတိယလှိုင်းတွင်လည်း လုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့် ရပ်နားခဲ့ရကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts