spot_img
Friday, January 23, 2026
More
    spot_img
    Homeသတင်းသက်တော် ၉၇ နှစ်တွင် ပျံလွန်တော်မူသည့် ဘဒ္ဒန္တပါလိတ မဟာထေရ် ရုပ်ကလာဒ်တော်အား လာမည့်ဇန်နဝါရီ ၁ ရက်နေ့တွင် ဘုန်းကြီးပျံပွဲ အကျဥ်းရုံးကျင်းပသွားမည်

    သက်တော် ၉၇ နှစ်တွင် ပျံလွန်တော်မူသည့် ဘဒ္ဒန္တပါလိတ မဟာထေရ် ရုပ်ကလာဒ်တော်အား လာမည့်ဇန်နဝါရီ ၁ ရက်နေ့တွင် ဘုန်းကြီးပျံပွဲ အကျဥ်းရုံးကျင်းပသွားမည်

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၂၂)

    ယနေ့ နံနက်ပိုင်းတွင် ပျံလွန်တော်မူခဲ့သည့် သက်တော် ၉၇ နှစ်ရှိ ဘဒ္ဒန္တပါလိတ မဟာထေရ် ရုပ်ကလာဒ်တော်အား လာမည့်ဇန်နဝါရီ ၁ ရက် (နတ္တော်လကွယ်နေ့) တွင် ဘုန်းကြီးပျံအခမ်းအနားငယ်အဖြစ် အကျဥ်းရုံး ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    မွန်တမျိုးသားလုံး၏ အထင်ကရဆရာတော် ဘဒ္ဒန္တပါလိတ သိက္ခာတော် ၇၆ ဝါသည် ကမာဝက်မြို့ ဓါတ်တော်ကျောင်း၌ ယနေ့(နိုဝင်ဘာ ၂၂ ) နံနက် ၆ နာရီအချိန်တွင် အိုမင်းမစွမ်း၍ ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

    ဆရာတော်၏ အနီးကပ်တပည့်ဖြစ်သူ နိုင်ဗရန်းက “ဆရာတော်ရဲ့ ရုပ်ကလာဒ်တော်ကို လတ်တလောမှာတော့ ဒီအတိုင်းပဲထားရှိမယ်၊ လာမယ့်နတ္တော်လကွယ်နေ့မှာ ဘုန်းကြီးပျံပွဲအခမ်းအနား အကျဥ်းရုံးပြီး လုပ်သွားမယ်၊ လောလောဆယ် ကျောင်းတိုက်ပေါ်မှာ ရုပ်ကလာဒ်တော်ထားရှိဖို့ ပြင်ဆင်နေပါတယ်၊ ဘုန်းကြီးပျံပွဲနီးတော့မှ တရားပွဲတော်တွေ စဥ်ဆက်မပြတ်ကျင်းပသွားမယ်လို့ ဒါယကာတွေက စီစဥ်ထားပါတယ်”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။  

    မွန်စာပေရေးသားရာတွင် အရှင်သခင်တစ်ပါးအဖြစ် တင်စားခေါ်ဝေါ်ကြ၍ မွန်အမျိုးသားရေးနှင့်ပတ်သက်သော နိုင်ငံရေး၊ သမိုင်း၊ ယဥ်ကျေးမှု၊ လူမှုရေးဆိုင်ရာတို့ကို မွန်ဘာသာဖြင့် ကျမ်းစာစောင်များအပါဝင် စာအုပ်ပေါင်း ၁၀၀ ကျော် ပုံနှိပ်ထုတ်ဝေခဲ့ပြီး မွန်ဂျာနယ်၊ မဂ္ဂဇင်းများအသီးသီးတွင် ဆောင်းပါး၊ ကဗျာပုဒ်ရေများ မရေမတွက်နိုင်လောက်အောင် စာရေးသားနိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

    အာဏာရှင် ဗိုလ်ချုပ်နေဝင်း လက်ထက် မွန်ပြည်နယ်သတ်မှတ်ပေးခဲ့သည့်အပေါ် မွန်ဘာသာဖြင့်ထုတ်ဝေသော “လိက်ဂတာပ်ခေတ်” မဂ္ဂဇင်းတွင် အနှစ်အရသာကင်းမဲ့သောမွန်ပြည်နယ်ဆိုပြီး ကဗျာ၊ စာညွန့်နှင့် ဆောင်းပါးများ ဝေဖန်ရေးသားထုတ်ဝေမှုကြောင့် ၂ နှစ်ကျော်ကြာ မော်လမြိုင်ထောင်၌ အကျဥ်းကျခံခဲ့ဖူးကြောင်း မွန်ဝီကီပီဒီယားတွင် ဖော်ပြထားသည်။

    ထို့ပြင် ထိပ်တန်းမွန်တော်လှန်ရေးခေါင်းဆောင်များဖြစ်ကြသော နိုင်အောင်ထွန်း၊ နိုင်ရွှေကျင်၊ နိုင်နွန်လာ၊ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်းတို့နှင့်အတူ မြေပေါ်မြေအောက်တစိုက်မတ်မတ် ပါဝင်လှုပ်ရှားခဲ့သည့် ဝါရင့်ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ လက်ရှိမွန်နိုင်ငံရေးခေါင်းဆောင်များ၊ မွန်နိုင်ငံရေးပါတီများနှင့် အမျိုးသားရေးဆိုင်ရာတို့ကိုဟောပြောဆုံးမရာတွင် ညီညွတ်ရေးကိုတည်ဆောက်ကြရန် အမြဲမပြတ်တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဖခမည်းတော် နိုင်ခရင်း၊ မယ်တော် မိအိထွားတို့က ၁၉၂၄ ခုနှစ် နိုဝင်ဘာ ၂၇ (မြန်သက္ကရာဇ် ၁၂၈၆ ခု နတ္တော်လဆန်း ၂ ရက်) နေ့တွင် ဆရာတော်ပါလိတလောင်းလျာ ငယ်နာမည်“မင်းမွန်ထော”အား ကမာဝက်ကျေးရွာ ထောင်ဘုတ်ရပ်ကွက်၌ မွေးဖွားသန့်စင်ခဲ့ပြီး မွေးချင်း ၅ ဦးအနက် သားအကြီးဆုံးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts