spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် မိသားစုလိုက် ဓားခုတ်ခံရပြီး ၂ ဦးသေဆုံး ၂ ဦးအပြင်းထန်ဒဏ်ရာရရှိ

    မော်လမြိုင်တွင် မိသားစုလိုက် ဓားခုတ်ခံရပြီး ၂ ဦးသေဆုံး ၂ ဦးအပြင်းထန်ဒဏ်ရာရရှိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၁၄)

    မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် ၉ လမ်းတွင် ကုန်စုံဆိုင်ပိုင်ရှင် မိသားစုဝင် ၄ ဦးလုံး ဓားဖြင့်ခုတ်ခံရပြီး ၂ ဦးသေဆုံးကာ ၂ ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

    နိုဝင်ဘာလ ၁၃ ရက်နေ့ည ၇ နာရီအချိန် နေအိမ်၌ မိသားစုဝင်များ ထမင်းစားနေစဥ် ဆိုင်အလုပ်သမား ကျော်နိုင်ထွေးက ဓားခုတ်ခြင်းဖြစ်ပြီး ဆိုင်ရှင် ဦး​အောင်အောင်နှင့် သားဖြစ်သူ အသက် ၇ နှစ်အရွယ် မောင်ဂျူနိုက်(ခ) အောင်ပြည့်စုံတို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

    အမေဖြစ်သူ မတင်နီလာစိုးနှင့်သမီးလတ်တို့လည်း ဓားခုတ်ဒဏ်ရာကြောင့် မော်လမြိုင်ဆေးရုံတွင် အရေးပေါ် ဆေးကုသမှုခံခဲ့ရကြောင်း ဓားခုတ်ခံရသူ အမျိူးသမီး၏ သူငယ်ချင်းဖြစ်သူက ဆိုသည်။

    “ဒီနေ့မနက်ပဲ မိခင်နဲ့ကလေး သက်သာလို့ အရေးပေါ်အခန်းကနေထွက်လာရပါပြီ။ ကလေးနောက်တစ်ယောက်က အခုတ်ခံရတုန်းအိမ်မှာမရှိလို့ ဘာမှဖြစ်မသွားပါဘူး”ဟု ဓားဖြင့်ခုတ်ခံရသူအမျိုးသမီး၏သူငယ်ချင်း ဒေါ်လဲ့လဲ့ချိုက ဆိုသည်။

    ဒေါ်တင်နီလာစိုးမှာ လက်ကောက်ဝတ်ပြက်ရှဒဏ်ရာ၊ ဦးခေါင်းနှင့်လည်ပင်းတို့တွင် ပြက်ရှဒဏ်ရာများရရှိခဲ့ပြီး ယခုအခါ အရေးပေါ်အခန်းမှ ထွက်လာနိုင်ခဲ့ကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

    လူသတ်တရားခံမှာ ကျော်နိုင်ထွေးဖြစ်ပြီး အသတ်ခံရသူ ဦးအောင်အောင်၏  ကုန်ခြောက်နှင့် ဝါးအရောင်းဆိုင်မှ အလုပ်သမားတစ်ဦးဖြစ်သည်။

    အခင်းမ​ဖြစ်ပွားခင်ရက်ပိုင်းက ကျော်နိုင်ထွေးကို မိန်းမအရှုပ်အရှင်းကိစ္စကြောင့် အလုပ်ရှင်က ဆုံးမခြင်းမျိုးသာရှိခဲ့ပြီး တခြား ပြသနာတစ်စုံတစ်ရာမရှိကြောင်း မိသားစုဝင်တစ်ဦးထံကသိရသည်။

    အခင်းဖြစ်ပွားသည့်အကြောင်းနှင့် တရားခံမိ ၊မမိ အတည်ပြုရန်မော်လမြိုင်ရဲစခန်းသို့ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

    အလားတူ သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ရွာတွင်လည်း နိုဝင်ဘာလ ၆ ရက်နေ့က အမျိုးသမီးတစ်ဦးကို အိမ်နီးနားချင်းအမျိုးသားတစ်ဦးက ဓားဖြင့်အခုတ်ခံပြီး ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းများက ရေးသားဖော်ပြသည်။  

    Crd-Eleven Media

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks