spot_img
Wednesday, February 5, 2025
More
    spot_img
    HomeCovid 19ဇာတ်သဘင်များ ပွဲကခွင့်မရသည့်အတွက် ကြုံရာအလုပ်လုပ်ကိုင်နေကြရပြီး သဘင်ပညာရပ်ဆိုင်းသွားမည်ကို စိုးရိမ်နေရပြီ

    ဇာတ်သဘင်များ ပွဲကခွင့်မရသည့်အတွက် ကြုံရာအလုပ်လုပ်ကိုင်နေကြရပြီး သဘင်ပညာရပ်ဆိုင်းသွားမည်ကို စိုးရိမ်နေရပြီ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၈)


    ဇာတ်သဘင်များ ပွဲကခွင့်မရသည့်အတွက် စားဝတ်နေရေးအခက်အခဲရှိလာသဖြင့် ကြုံရာအလုပ်ကို လုပ်ကိုင်နေရသောကြောင့် မြန်မာ့အနုပညာလောကမှသဘင်ပညာ ရပ်ဆိုင်းသွားမည့်အရေး စိုးရိမ်နေရပြီဟု သုံးသပ်နေကြသည်။

    ကိုဗစ် ပထမလှိုင်းစတင် ဖြစ်ပွားခဲ့သည်အချိန်မှ လက်ရှိအချိန်ထိ ဇာတ်သဘင်များကို ကပြခွင့် ရပ်ဆိုင်းထားသောကြောင့် သဘင်ပညာရှင်များ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မွန်ပြည်နယ် သဘင်အစည်းအရုံး တွဲဖက်အတွင်းရေးမှူး ဒိုင်နာက ပြောသည်။

    “အခုချိန်မှာ သဘင်ကြီး ရပ်သွားတာက စားဝတ်နေရေးအတွက် ဒီသဘင်ကြီးကို သူတို့ မစဉ်းစားနိုင်တော့ဘူး။ မိသားစု အခက်အခဲကို ဖြေရှင်းရတယ်ဆိုတော့လေ။ နောက်ထပ် ၂ နှစ်လောက်ဆို ကျွန်တော်တို့ သဘင်ဟာ တော်တော်လေးကို အညွန့်ကျိုးသွားမှာပေါ့နော်”ဟု ဒိုင်နာက ဆိုသည်။

    ဇာတ်မင်းသား၊ မင်းသမီး၊ လူကြမ်း၊ ဆိုင်းဆရာ အပါအဝင် ဇာတ်သမားများသည် ကုန်ထမ်း၊ ဆိုင်ကယ် Taxi မောင်းခြင်း၊ Online Shopping လုပ်ကိုင်ခြင်း နှင့် ရော်ဘာအစေးခြစ် လုပ်ငန်းများကို လုပ်ကိုင်နေကြကြောင်း ၄င်းက ဆက်ပြောသည်။

    ပွဲစီစဉ်ညွှန်ကြားသူ ဇာတ်ဆရာ ဦးတင်ဦးက “ဒီတိုင်းပဲ ရှေ့ဆက်သွားမယ်ဆိုရင်တော့ သဘင်သည်တွေ့ရဲ့ ဘဝကို တွေးလို့တောင် မရတော့ဘူး။ အလုပ်အကိုင်ကလည်း မရှိ မိသားစုဝင်တွေကလည်းများ အဲလိုမျိုးလေးတွေရှိတယ်”ဟု ပြောသည်။


    ကိုဗစ်ကာလအတွင်း ဇာတ်သဘင်ကို ရပ်ဆိုင်းထားသည့် ကာလရှည်ကြများပြားသောကြောင့် ပွင့်လင်းရာသီတွင် ဇာတ်ပွဲလည်ပတ်ရန်  နှင့် ဇာတ်သမားများကို ထောက်ပံ့ပေးနိုင်မည့် ငွေကြေးမရှိတော့ကြောင်း ၄င်းကဆက်ပြောသည်။

    ကိုဗစ်ဖြေလျော့မှုအနေဖြင့် ယခုပွင့်လင်းရာသီတွင် ပွဲများ ကခွင့်ရပါက သဘင်သမားများ၏ စားဝတ်နေရေး အဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ဆိုင်းဆရာ ‌ဦးမောင်သိန်းက ပြောသည်။

    “သဘင်ရာသီ မပွင့်လင်းတော့ ဇာတ်သမားတွေ အကုန် ဒုက္ခရောက်တာပေါ့။ သဘင်ရာသီလေးကောင်းရင် သဘင်လေးတွေ ထွက်ရရင်တော့ အနုပညာသမားတွေ စားဝတ်နေရေးတော့ အဆင်ပြေတာပေါ့။ အခုတော့ အခက်အခဲတွေနဲ့ ကြုံနေတာပေါ့”ဟု ၎င်းက ပြောသည်။

    မွန်ပြည်နယ်အတွင်း ယခင်နှစ်များက မွန်ဇာတ်သဘင် ၈ ဇာတ်၊ မြန်မာဇာတ်သဘင် ၃၄ ဇာတ်ရှိခဲ့ပြီး ဇာတ်ပွဲတစ်ခုတွင် ဇာတ်သမား ဦးရေ ၄၀ ကျော် ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,700SubscribersSubscribe
    spot_img

    Latest posts