HomeCovid 19အခြေခံပညာကျောင်းများ ဖေဖော်ဝါရီလ တတိယအပတ်တွင် အတန်းတင်စာမေးပွဲဖြေဆိုမည်

အခြေခံပညာကျောင်းများ ဖေဖော်ဝါရီလ တတိယအပတ်တွင် အတန်းတင်စာမေးပွဲဖြေဆိုမည်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၄)

အခြေခံပညာအတန်းအားလုံး ၃ လခွဲကြာ သင်ကြားပြီးနောက် လာမည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတတိယအပတ်တွင် အတန်းတင်စာမေးပွဲ စစ်ဆေးသွားမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးမှ စုံစမ်းသိရှိရသည်။

“ကျွန်တော်တို့ သင်ရိုးတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက်ကျောင်းတွေကို ပို့ဆောင်ပြီးပါပြီ။ အတန်းတင်စာမေးပွဲတွေအတွက် လိုအပ်တာတွေတော့ ညွှန်ကြားချက်မရောက်သေးပါဘူး” ဟု မွန်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးသိန်းအောင်က ပြောသည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းမဖွင့်သည့် ၄၆ မြို့နယ်မှအပ ကျန်ကျောင်းများတွင် အတန်းတင်စာမေးပွဲကို လုပ်ဆောင်သွားမည်ဖြစ်ပြီး သင်ရိုးများစီစဥ်ပြီးဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စာသင်နှစ်က ၁၄ ပတ်(၃လခွဲ)တာ ကာလဘဲရှိမယ်။ အဲ့ဒီကာလနဲ့ကိုက်ညီအောင် သင်ရိုး ညွှန်းတမ်းရေးဆွဲထားပြီး တိုင်းနဲ့ပြည်နယ်အား လုံးကိုပို့ပေးထားပြီးဖြစ်တယ်။ အဲ့ဒီအတိုင်းသင် ကြားပြီးရင် ဖေဖော်ဝါရီလထဲမှာ အရင်အတိုင်းဘဲ စာမေးပွဲတွေစစ်ဆေးသွားမှာဖြစ်ပါတယ်”ဟု ပညာရေးဝန်ကြီးဌာ န အခြေခံညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က နိုင်ငံပိုင်မီဒီယာသို့ ဖြေကြားထားသည်။

၃လခွဲတာ ကာလအတွင်း သင်ရိုးညွှန်းတမ်းများပြတ်အောင်သင်ကြားရမည်ဖြစ်ပြီး နှစ်စဥ် ကျောင်းပိတ်နေကျဖြစ်သည့် ပိတ်ရက်များကိုပါ လျော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီဇင်ဘာကျောင်းပိတ်ရက်များတွင် သင်ရိုးများအတိုင်း ဆက်လက်သင်ကြားသွားမည်ဖြစ်ပြီး လိုအပ်လျင် စနေနှင့်တနင်္ဂနွေနေ့များတွင်ပါ သင်ကြားသွားနိုင်ကြောင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုဗစ် တတိယလှိုင်း စတင်သည့် ဇွန်လဆန်းတွင် အခြေခံပညာကျောင်းများ အားလုံးဖွင့်လှစ်ခဲ့သော်လည်း ကိုဗစ်တတိယလှိုင်းပြင်းထန်လာသည့်အတွက် ဇူလိုင်လအတွင်းမှစတင်၍ အောက်တိုဘာလကုန်ထိ ကျောင်းများပြန်လည် ပိတ်ထားခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts