Homeငြိမ်းချမ်းရေးစစ်တပ်ခေါ်ဆောင်သွားသည့် ABSDF မြဝတီဆက်ဆံရေးရုံးမှ ရဲဘော်များ ပြန်လွတ်

စစ်တပ်ခေါ်ဆောင်သွားသည့် ABSDF မြဝတီဆက်ဆံရေးရုံးမှ ရဲဘော်များ ပြန်လွတ်

-

မွန်သတင်းအေဂျင်စီ (၂၀၂၁-နိုဝင်ဘာ ၅)

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၏ ဆက်ဆံရေးရုံးမှ ရဲဘော် ၄ ဦးကို စစ်တပ်မှ ပြန်လွတ်ပေးခဲ့သည်ဟု သိရသည်။

စစ်တပ်မှ ခေါ်‌ဆောင်သွားသည့် ABSDF ဆက်ဆံရေးရုံးမှ ရဲဘော် ၄ ဦးကို ယနေ့ (နိုဝင်ဘာ ၅) နံနက်ပိုင်းက ဆက်ဆံရေးရုံးသို့ ပြန်ရောက်ရှိခဲ့ကြောင်း အပစ်ရပ် (၁၀)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်မျိုးဝင်းက ပြောသည်။

“PPST အနေနဲ့ကတော့ မနေ့က ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး PPST အဖွဲ့ခေါင်း‌ဆောင်တွေ အနေနဲ့တော့ ဒါတွေက မဖြစ်သင့်ဘူး။ ဒါ NCA စည်းမျဉ်းစည်းကမ်းအရ ပြောမယ်ဆိုရင်တော့ ကျော်လွန်ရာရောက်တယ်။ ဒါကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပေါ့နော်။ ကျနော်တို့ သိရသလောက် ဒီနေ့ မနက်မှာတော့ ဖမ်းဆီးခံရတဲ့ တာဝန်ရှိသူအားလုံး ရုံးပြန်ရောက်နေပြီလို့ သိရတာပေါ့နော်။ ပြေလည်သွားပြီလို့ ပြောလို့ ရတာပေါ့” ဟု ရဲဘော်မျိုးဝင်းက ပြောသည်။

နိုဝင်ဘာ ၂ ရက်က မြဝတီ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် ကိုအောင်ဘော်၊ ကိုတင်စိုး၊ ကိုကပ္ပလီ၊ ကိုခင်မောင်ဝင်းတို့ကို လုံခြုံရေးတပ်ဖွဲ့များက ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၃) နှစ်ပြည့် ထုတ်ပြန်ချက်တွင် ABSDF မှ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အင်အားစုတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ကြေညာထားသည်။

ABSDF သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းများအနက် တစ်ဖွဲ့အပါအဝင်ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts