HomeCovid 19ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး မော်လမြိုင်မြို့တွင် စားအုန်းဆီ ဈေးလျှော့ရောင်းပေးနေ

ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ ပူးပေါင်းပြီး မော်လမြိုင်မြို့တွင် စားအုန်းဆီ ဈေးလျှော့ရောင်းပေးနေ

-

မွန်သတင်းအေဂျင်စီ (၂၀၂၁ နိုဝင်ဘာ ၃)

မော်လမြိုင်မြို့တွင် နစက  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းပြီး စားအုန်းဆီများ စျေးလျော့ရောင်းချပေးလျက်ရှိသည်။

မော်လမြိုင်မြို့တွင်နိုဝင်ဘာလ တစ်ရက်နေ့မှစတင်ပြီး ရပ်ကွက်အသီးသီးတွင် ကားဖြင့်လှည့်လည်ရောင်းချပေးနေခြင်း ဖြစ်သည်။

“အခုလိုရပ်ကွက်ထဲထိ လိုက်ရောင်းပေးတော့အဆင်ပြေတာပေါ့။ ဆီဆိုတာကနေ့တိုင်းသုံးနေရတာလေ။အခုက တစ်ပိဿာ ကိုတစ်ထောင်လောက်သက်သာတယ်အပြင်ဆိုင်တွေထက်”ဟု မော်လမြိုင်မြို့မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

စားအုန်းဆီတစ်ပိဿာလျှင် ၃၉၀၀ကျပ်ဖြင့်သာ ရောင်းချပေးနေခြင်းဖြစ်ပြီး အပြင်စျေးကွက်တွင် တစ်ပိဿာ ၅၀၀၀မှ ၆၀၀၀ကျပ်အထိ ပေးဝယ်နေရကြောင်း သိရသည်။

စားအုန်းဆီများကို ပြန်လည်ရောင်းချလိုသူများအနေဖြင့် တိုက်ရိုက်ဆက်သွယ်ဝယ်ယူနိုင်ကြောင်း ဆီကုန်သည်းအသင်းမှ သိရသည်။

“စားအုန်းဆီကိုလက်ကား ဝယ်ယူရောင်းချချင်တဲ့သူတွေကပြန်သူတွေကို လက်လီပြန်ရောင်းရင် အမြတ် ၂ ရာခိုင်နှုန်းထက်ပိုတင်ပြီးရောင်းလို့မရဘူး။ လက်လီ၊ လက်ကားရောင်းချင်တဲ့သူတွေ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကို တိုက်ရိုက်ဆက်သွယ်ပြီးမှာယူလို့ရပါတယ်”ဟု ဆီကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

စက်တင်ဘာလအတွင်း ငွေစျေးမြင့်တက်မှုကြောင့် ထိုင်းနိုင်ငံမှတင်သွင်းသည့် ပုစွန်တံဆိပ် ဆီတစ်ထုပ်လျှင် ၃၀၀၀ ကျပ်အထိ စျေးမြင့်တက်ခဲ့သည်။

စားအုန်းဆီများရောင်းချပေးခြင်းက အခြေခံလူတန်းစားများအတွက်အဆင်ပြေစေရန်ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး နိုင်ငံအနှံ့ မှာ ရောင်းချပေးခဲ့ကြောင်း ဆီကုန်သည်များအသင်းမှ သိရသည်။

နေပြည်တော်နှင့် တိုင်းဒေသကြီး ၇ ခုနှင့် မွန်ပြည်နယ်တို့အတွက် စားအုန်းဆီ (၉,၈၇၅,၃၅၇)ပိဿာ၊ တန်ချိန် (၁၆၁၃၆ ဒသမ ၂၁) တန် ရောင်းချပေးခဲ့ပြီး ကျန်ပြည်နယ်များအား ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts